Main menu

သတင်းများ

နေပြည်တော် ဖေဖော်ဝါရီ ၂၂ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဒေါ်လှမျိုးနွယ်သည် ဂျပန်နိုင်ငံ၊ နာဂိုယာ တက္ကသိုလ်၊ The Center for Asian Legal Exchange မှ လက်ထောက်ပါမောက္ခ Prof. Ms. Emi Makino ဦးဆောင်သော ဥပဒေ အထူးပြု ကျောင်းသား ကျောင်းသူ (၁၁)ဦး ပါဝင်သည့် လေ့လာရေးအဖွဲ့ကို ယနေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
နေပြည်တော် ဇန်နဝါရီ ၃၀ မုံရွာတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာသင်းသင်းမာခေါင်းဆောင်သည့်ဆရာ/ဆရာမ (၁၀)ဦး၊ကျောင်းသားကျောင်းသူ (၉၆)ဦးပါဝင်သောလေ့လာရေးအဖွဲ့သည် နေပြည်တော်၊ ရုံးအမှတ်(၅၄)ရှိနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ယနေ့ နံနက် ၁၀ နာရီတွင် လာရောက်လေ့လာကြသည်။
နေပြည်တော်၊  ဇန်နဝါရီ    ၁၄ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် Japan Federation of Bar Associations (JFBA)မှ ဥက္ကဋ္ဌ Mr.IKEUCHI Masatoshi နှင့် ဒုတိယဥက္ကဋ္ဌများ၊  အဖွဲ့ဝင်များ၊ JICA  Judicial  and  Legal  Project မှ   အကြံပေးအရာရှိချုပ်  Mr.  NOSE  Kazunori နှင့်အဖွဲ့တို့အား ယနေ့ ၁၃:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
နေပြည်တော် စက်တင်ဘာ ၁၁ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် စပိန်နိုင်ငံ သံအမတ်ကြီး H.E Mr.Emilio De Miguel Calabia အား ယနေ့မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Pages