Main menu

သတင်းများ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌  ၂၅-၅-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ခိုင်က “မလေးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း လေ့လာ တင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာတင်နှင့် ဉီးစီးအရာရှိ ဦးကျော်လင်းအောင်တို့က “ကာဇက်စတန်သမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကောင်စီကဆုံးဖြတ်ခဲ့သည့် အမှုအားလေ့လာတင်ပြခြင်း”  သုတေသနစာတမ်းကိုလည်းကောင်း အသီးသီး ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြား ဆွေးနွေးခြင်း
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌  ၁၁-၅-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချစ်အေးအေးကြည် နှင့် ဒုတိယဉီးစီးမှူး ဒေါ်မေဇာအောင်တို့က AACC အဖွဲ့ဝင်နိုင်ငံများ၏ (၉) ကြိမ်မြောက် နွေရာသီသင်တန်းတွင် ထိုင်းဘုရင့်နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးက တင်ပြခဲ့သည့် “စီရင်ချက်များကို အကောင်အထည်ဖော်ရာတွင် ရင်ဆိုင်ကြုံတွေ့ ရသည့်အခက်အခဲများ” စာတမ်းအား လေ့လာတင်ပြခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး  ဒေါက်တာကြည်ကြည်ခင် နှင့် ဒုတိယဉီးစီးမှူး ဒ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌  ၂၇-၄-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချိုမာဌေးနှင့် ဒုတိယဦးစီးမှူး ဒေါ်ယဉ်မျိုးဝင်းတို့က  “ပါလက်စတိုင်း နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးအကြောင်းလေ့လာတင်ပြခြင်း”သုတေသနစာတမ်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအိအိခိုင်တို့က “မြန်မာနိုင်ငံတရားစီရင်ထုံး(လွှဲအပ်မှုအမှတ်၁/၁၉၄၈)(ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ )အားလေ့လာတင် ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြား ရှင်းလင်းတင်ပြခဲ့ပြီး
၁။      နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ (၁၂) နှစ်မြောက် ရုံးနှစ်ပတ်လည်နေ့ အထိမ်း အမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်း အမှတ်(၂)တွင် ကျင်းပခဲ့ပါသည်။ ၂။       အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး၊ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊အမှုထမ်းများ တက်ရောက်ခဲ့ ကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

Pages