၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှုအက်ဥပဒေ (The Government of Burma Act, 1935)ကို ၉၁ ဌာနအုပ်ချုပ်ရေးဥပဒေဟုလည်းခေါ်ကြသည်။ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏လက်အောက်မှခွဲထုတ်၍ သီးခြားအုပ်ချုပ်ရန်အလို့ငှာ ဤဥပဒေကို ကျင့်သုံးခဲ့ ခြင်းဖြစ်သည်။ ယင်းဥပဒေကို ၂-၈-၁၉၃၅ ရက်နေ့တွင် ဗြိတိသျှပါလီမန်က ပြဋ္ဌာန်းခဲ့ပြီး ၁-၄-၁၉၃၇ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာတည်သည်။ ဥပဒေသက်တမ်းမှာ ၁၉၃၇ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိဖြစ်သည်။ ဘုရင်ခံစနစ်ဖြင့်အုပ်ချုပ်သော ဥပဒေဖြစ်ပြီး ဥပဒေပြု ရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ပိုင်းခြားကျင့်သုံးသည်။ အပိုင်း ၁၄ ပိုင်းနှင့် ပုဒ်မ ၁၅၉ ခုပါရှိသည်။ အပိုင်း ၂ တွင် အုပ်ချုပ်ရေး၊ အပိုင်း ၃ နှင့် ၄ တွင် ဥပဒေပြုရေး၊ အပိုင်း ၆ တွင် ဘဏ္ဍာရေး၊ အပိုင်း ၇ တွင် မြန်မာ့မီးရထားဘုတ်အဖွဲ့၊ အပိုင်း ၈ တွင် တရားစီရင်ရေး၊ အပိုင်း ၉ တွင် အမှုထမ်းများကဏ္ဍနှင့် အပိုင်း ၁၁ တွင် အိန္ဒိယနှင့်ဆက်သွယ်ဆောင်ရွက်ရေး တို့ကို ပြဋ္ဌာန်းထားသည်။ လွှတ်တော် ၂ ရပ်ရှိပြီး လွှတ်တော်၏ သက်တမ်းမှာ ၄ နှစ်ဖြစ် သည်။ အထက်လွှတ်တော်၌ ဘုရင်ခံက ရွေးချယ်ခန့်အပ်သော အထက်လွှတ်တော်အမတ် ထက်ဝက်ပါရှိပြီး အောက်လွှတ်တော်၌ ဗြိတိသျှအုပ်ချုပ်ရေးထိပ်တန်းနေရာများအတွက် ရွေးချယ် တာဝန်ပေးသည့်အမတ်များပါရှိသည်။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ၁၉၃၅ ခုနှစ်ဥပဒေအပေါ် နေရာအတော်များများတွင် မှီငြမ်းပြုခဲ့သည်ဟု အဆိုရှိသည်။
၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေရယူရန်