နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ e-Government ဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များ တင်ပြခြင်း အခမ်းအနားကို ၁၇-၇-၂၀၁၅ ရက်နေ့ မွန်းလွဲ ၁၂ ၃၀ အချိန်တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး စည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ခုံရုံး၏ e- Government လုပ်ငန်းကြီးကြပ်မှုအဖွဲ့ခေါင်းဆောင် ခုံရုံး အဖွဲ့ဝင် ဦးမြသိန်းက ခုံရုံး၏ e- Government လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သတင်းအချက်အလက် နည်းပညာနှင့်မှတ်တမ်းဌာနခွဲမှ e-Government လုပ်ငန်းများဖြစ်သည့် e- Library နှင့် Video Conferencing စနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ရှင်းလင်း ပြောကြားပြီးနောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ CIO အရာရှိက ပြန်လည် ဖြေကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို နေ့လယ် ၂ ၃၀ အချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။