
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေကျော့မှူး၏ “ပိုလန်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး အကြောင်း” လေ့လာတင်ပြသည့် စာတမ်းဖတ်ပွဲအခမ်းအနားကို (၃၀.၈.၂၀၁၆)ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။