Main menu

ကာဂျစ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့နှင့်ပတ်သက်၍ လေ့လာတင်ပြခြင်း စာတမ်းဖတ်ပွဲ

ကာဂျစ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့နှင့်ပတ်သက်၍ လေ့လာတင်ပြ သည့်စာတမ်းဖတ်ပွဲကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌  ၂၆-၇-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သည်။ အဆိုပါစာတမ်းဖတ်ပွဲတွင် ဦးညီညီလွင်၊ ဒုတိယ ညွှန်ကြားရေးမှူးက  ကာဂျစ်သမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်များကို ဖတ်ကြားရှင်းလင်းခဲ့ပါသည်။

အဆိုပါစာတမ်းဖတ်ပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခုံရုံးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ သုတေသနအရာရှိများ တက်ရောက်ကြသည်။