Main menu

ကြေညာချက်များ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်ပါ (၂၅)ဦးက "မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်ကြည်ညွန့်က (၂၉-၁-၂၀၁၉)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းသည့် "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အဆိုကို အတည်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ/မရှိ သဘောထားရယူပေးနိုင်ပါရ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးပါ (၂၅)ဦးတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့်အညီ နည်းလမ်းတကျတင်သွင်းလာသည့် ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန် တင်သွင်းလာသော တင်သွင်းလွှာအမှတ် (၁/၂၀၁၉)နှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မည့် နေ့ရက်ကို ကြေညာခြင်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးပါ (၂၅) ဦးက တင်သွင်းလာသော တင်သွင်းလွှာအမှတ် ၁/၂၀၁၉ အား ၂၇-၆-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့) နံနက် ၁ဝး၀၀ နာရီအချိန်တွင် ယင်းတင်သွင်းလွှာနှင့်စပ်လျဉ်း၍  လျှောက်လဲချက် ကြားနာမည် ဖြစ်ကြောင်း ကြိုတင်သတိပေးအမှုစာရင်းပုံစံအား ကြေညာပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်ပါ (၂၅) ဦးက တင်သွင်းလာသော တင်သွင်းလွှာအမှတ် ၂/၂၀၁၉ အား ၁၈-၇-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့) နံနက် ၁ဝး၀၀ နာရီအချိန်တွင် ယင်းတင်သွင်းလွှာနှင့်စပ်လျဉ်း၍ ကနဦးကန့်ကွက်လွှာအပေါ် လျှောက်လဲချက် ကြားနာမည် ဖြစ်ကြောင်း ကြိုတင်သတိပေးအမှုစာရင်းပုံစံအား ကြေညာပါသည်။

Pages