Main menu

ကြေညာချက်များ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ Website တွင် မြန်မာနိုင်ငံနှင့်ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ၁၉၅၅ ခုနှစ်မှ စတင်၍ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများကို လေ့လာဖတ်ရှု၍ Download ပြုလုပ်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ခုကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာတို့ဖြင့် ဖော်ပြထားပါသည်။ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ယခုလက်ရှိတွင် (၁၅) နိုင်ငံထိ ထည့်သွင်းထားပြီး ဆက်လက် ထည့်သွင်းသွားမည် ဖြစ်ပါသည်။  မြန်မာနိုင်ငံရှိ ဥပဒေများကို

၁။      နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ၂၀၂၀ ပြည့်နှစ်၊ တင်သွင်းလွှာအမှတ် ၁၊ ဦးအယ်လ်ဖောင်းရှိုနှင့် ဥက္ကဋ္ဌ၊ ကယားပြည်နယ်လွှတ်တော် အမှုကို e-Court စနစ်ဖြင့် အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း ခုံရုံးနည်းဥပဒေ ၁၉ အရ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည့် နေ့ရက်နှင့် အချိန်ကြေညာသည့်ပုံစံ၊ (ပုံစံ-၈)ဖြင့် ကြေညာထားပြီးဖြစ်ပါသည်။

"တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ခ)နှင့် (ဂ)တို့အား အနက်အဓိပ္ပာယ်ဖွင့်ဆို ပေးပါရန်" နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလာသည့် တင်သွင်းလွှာအမှတ် (၁/၂၀၂၀) နှင့်စပ်လျဉ်း၍ ခုံရုံးနည်းဥပဒေ ၁၉ အရ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မည့်နေ့ရက်နှင့် အချိန်ကြေညာသည့်ပုံစံ၊ (ပုံစံ-၈)ဖြင့် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည့် နေ့ရက်နှင့် အချိန်ကို ကြေညာအပ်ပါသည်။

 

၁။      နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ကြမ်းခင်းအမိုးပြုပြင်ခြင်းနှင့် ရေလုံဆေးသုတ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်ရှိသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၁။      နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ၂၀၂၀ ပြည့်နှစ် တင်သွင်းလွှာအမှတ် ၁၊ ဦးအယ်လ်ဖောင်းရှိုနှင့် ဥက္ကဋ္ဌ၊ ကယားပြည်နယ်လွှတ်တော် အမှုကို e-Court စနစ်ဖြင့် ကြားနာ မည်ဖြစ်ကြောင်း ခုံရုံးနည်းဥပဒေ ၁၇ အရ ကြားနာရန် ကြိုတင်သတိပေးအမှုစာရင်းပုံစံ၊ (ပုံစံ-၇)ဖြင့် ကြားနာမည့်နေ့ရက်ကို ကြေညာထားပြီးဖြစ်ပါသည်။

Pages