Main menu

ရုံးတွင်း လှုပ်ရှားဆောင်ရွက်ချက်များ

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ခုံရုံးအဖွဲ့ဝင် ဦးညီညီက ဥပဒေဆိုင်ရာ အထွေထွေဗဟုသုတအနေဖြင့် မြန်မာနိုင်ငံသား ဖြစ်မှု မဖြစ်မှု ခေတ်အဆက်ဆက်ဥပဒေပြဋ္ဌာန်းချက်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

 

(၄၇)ကြိမ်မြောက် အာဆီယံနေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲကို (၂.၈.၂၀၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ အရာထမ်းအမှုထမ်းအင်အား (၆၀)ဦး ပါဝင်ဆင်နွဲခဲ့သည်။

 

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ၏ လမ်းညွှန်ချက်အရ ခုံရုံးရှိ အရာထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် နည်းပညာရပ်များကို အသုံးပြု၍ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ရုံးလုပ်ငန်းဆိုင်ရာအခြေခံ ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၁၃)ကို (၁၆.၁၂.၂၀၁၃)ရက်နေ့မှ (၂၄.၁.၂၀၁၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သည်။ အဆိုပါ သင်တန်းသို့ ခုံရုံးရှိ ဦးစီးအရာရှိ (၈)ဦး တက်ရောက်သင်ကြားခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ၏ လမ်းညွှန်ချက်အရ ခုံရုံးရှိ ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးများ တိုးတက်စေရန် ရည်ရွယ်၍ ရုံးလုပ်ငန်းနှင့် ရုံးလုပ်ငန်းဆိုင်ရာအခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၁၄)ကို (၅.၅.၂၀၁၄)ရက်နေ့မှ (၁၆.၆.၂၀၁၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သည်။ အဆိုပါ သင်တန်းသို့ ခုံရုံးရှိ စာရေးဝန်ထမ်း (၁၆)ဦး တက်ရောက်ခဲ့သည်။

 

Pages