Main menu

ရုံးတွင်း လှုပ်ရှားဆောင်ရွက်ချက်များ

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ e-Government ဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များ တင်ပြခြင်း အခမ်းအနားကို ၁၇-၇-၂၀၁၅ ရက်နေ့ မွန်းလွဲ ၁၂ ၃၀ အချိန်တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး စည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်းက အဖွင့်အမှာစကားပြောကြာ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ တရားစီရင်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ခင်၏ “အီတလီသမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး အကြောင်း” လေ့လာတင်ပြသည့် စာတမ်းဖတ်ပွဲ အခမ်းအနားကို (၆.၉.၂၀၁၆)ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သုတေသနအရာရှိများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေကျော့မှူး၏ “ပိုလန်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး အကြောင်း” လေ့လာတင်ပြသည့် စာတမ်းဖတ်ပွဲအခမ်းအနားကို (၃၀.၈.၂၀၁၆)ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။

ကာဂျစ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့နှင့်ပတ်သက်၍ လေ့လာတင်ပြ သည့်စာတမ်းဖတ်ပွဲကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌  ၂၆-၇-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သည်။ အဆိုပါစာတမ်းဖတ်ပွဲတွင် ဦးညီညီလွင်၊ ဒုတိယ ညွှန်ကြားရေးမှူးက  ကာဂျစ်သမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်များကို ဖတ်ကြားရှင်းလင်းခဲ့ပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်လွင်ဦးနှင့် ညွှန်ကြားရေးမှူး ဦးမင်းသိမ်းတို့မှ ဦးစီး၍ ခုံရုံးမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျှက်ရှိပါသည်။

Pages