ရုံးတွင်း လှုပ်ရှားဆောင်ရွက်ချက်များ
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ရင်ပြင်၌ ၅-၃-၂၀၂၃ ရက်နေ့တွင် ကျင်းပသော ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံ တော်မူခဲ့ကြသည့် ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီး များအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြ ပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၃-၂-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်သန္တာစိုးက “တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း”သုတေသနစာတမ်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ခင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးနန္ဒအောင် တို့က “ကိုရီးယားသမ္မတ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အား လေ့လာတင်ပြခြင်း” သုတေသန စာတမ်းကိုလည်းကောင်း အသီးသီးဖတ်က
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွဲကြသည်။ ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပွဲကို လိုက်လံကြည့်ရှုအားပေးကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၉-၂-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိစိုးက “ပါရာဂွေးနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့အကြောင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇင်နှင့် ရုံးအုပ် ဒေါ်ဂျူနိုကိုလေး တို့က “The Binding Force of Constitutional Court of Indonesia Decisions: Key Issues and Future Challenges” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်းတ
ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) စာရင်းသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ တစ်ဦးချင်းလှူဒါန်းခဲ့ကြပြီး ခုံရုံးဝန်ထမ်းများမှ အလှူငွေ ၁၀၀၀၀၀ဝိ/ (ကျပ်တစ်ဆယ်သိန်းတိတိ) ကို ထည့်ဝင်လှူဒါန်းခဲ့သည်။