ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဖြစ်သည်။

Main menu

Welcome to Constitutional Tribunal of Myanmar

No front page content has been created yet.

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ပါဝင်မည့်  နိုင်ငံတော်အခြေခံမူများ သတ်မှတ် ရေးအတွက် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့်  အမျိုးသားညီလာခံ စုံညီအစည်းအဝေးက အခြေခံမူ ၁၀၄ ချက်ချမှတ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေးနှင့်သက်ဆိုင်သော အခြေခံမူကို အမျိုးသား ညီလာခံအစုအဖွဲ့(၈)ဖွဲ့ ကိုယ်စားလှယ်အားလုံးက အညီအညွတ်သဘောတူ ဆုံးဖြတ်ချမှတ် ခဲ့ကြသည်။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား ညီလာခံ စုံညီအစည်းအဝေး တွင် "နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး" ဖွဲ့စည်းရေး၊ အဖွဲ့ဝင်များ၏ အရည်အချင်း၊ ခုံရုံးသက်တမ်း၊ အဖွဲ့ဝင်များအပေါ် စွပ်စွဲပြစ်တင်ခြင်း၊ ခုံရုံး၏ လုပ်ငန်းတာဝန်များနှင့် ခုံရုံးအဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို သတ်မှတ်သည့် နည်းလမ်း နှင့်အညီသာ တင်သွင်းခွင့်ရှိစေရေး စသည့် ခုံရုံးနှင့်စပ်လျဉ်းသော အသေးစိတ် အခြေခံရမည့် မူများကို ချမှတ်ခဲ့ကြသည်။

သတင်းများ

နေပြည်တော် စက်တင်ဘာလ ၂၃

တူကီယဲနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဦးဆောင်၍ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ Hybrid စနစ်ဖြင့် ကျင်းပသည့် (၁၀) ကြိမ်မြောက် နွေရာသီသင်တန်း အစီအစဉ်သို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဒေါက်တာချိုမာဌေး (ဒုတိယ ညွှန်ကြားရေးမှူး) နှင့် ဒေါ်အိအိစိုး (လက်ထောက်ညွှန်ကြားရေးမှူး) တို့က video conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

လှုပ်ရှားဆောင်ရွက်ချက်များ

       ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) စာရင်းသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ တစ်ဦးချင်းလှူဒါန်းခဲ

ကြေညာချက်များ