နေပြည်တော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းအများစုမှာ ယခင်မြို့တော်ဟောင်း ရန်ကုန်တွင်ရှိနေသော်လည်း ၂၀၀၆ခုနှစ်တွင် နေပြည်တော် အား မြန်မာနိုင်ငံ၏မြို့တော်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ နေပြည်တော် ပြည်ထောင်စုနယ်မြေအဖြစ် စီမံခန့်ခွဲအုပ်ချုပ်သည်။ နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် တည်ရှိသည်သာမကဘဲ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကဲ့သို့သော အရေးပါသည့် ပြည်နယ်များနှင့် နီးကပ်စွာတည်ရှိသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် ဒေသကြီးတစ်ခုလုံးသည် လျှင်မြန်စွာပင် တိုးတက်လာခဲ့သည်။ ခရီးသွားဧည့်သည်များက ယာဉ်ကြောပိတ်ဆို့ခြင်းများ ကင်းရှင်း စေသည့် ကြီးမားကျယ်ပြန့်သော လမ်းများကို နှစ်သက်ပါသည်။ နေပြည်တော်မှာ နိုင်ငံတော်အဆင့် အစည်းအဝေးများ၊ မက်လုံးပေးခရီးစဉ်များ၊ ညီလာခံများနှင့် ပြပွဲများကျင်းပရန်အတွက် နိုင်ငံ၏ အချက်အချာကျသည့် မြို့တော်ဖြစ်သည်။ VIP ဧည့်သည်များအား ဧည့်ခံနိုင်သည့် အပန်းဖြေ အနားယူ နိုင်သော နိုင်ငံတကာအဆင့်ဇိမ်ခံပစ္စည်းများဖြင့် ပြင်ဆင်ထားသော ဝန်ဆောင်မှုများပါရှိသည့် ဟိုတယ် အလုံးပေါင်း ၅၀ ကျော်ရှိပါသည်။ နိုင်ငံတော်အဆင့် ဂုဏ်ပြုဧည့်ခံပွဲများ၊ ညီလာခံများအား ကျင်းပနိုင် သည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (၂)ခု လည်းရှိသည်။ အရှေ့အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum East Asia) ၊ အာဆီယံထိပ်သီးအစည်းအဝေးပွဲ (ASEAN Summit) ၊ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (ASEAN Tourism Forum) တို့ကဲ့သို့ ထင်ရှားသည့် အခမ်းအနားများကို နေပြည်တော်၌ပင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် ရင်သပ်ရှုမောဖွယ်ကောင်းသော သဘာဝရှူမျော်ခင်း များ၊ အပန်းဖြေဥယျာဉ်များ၊ ဘုရားစေတီများ ၊ ပြတိုက်များလည်းရှိပါသည်။
လူမျိုးစုများ – မြန်မာ၊ ကရင်၊ ချင်း ဘာသာစကား – ဗမာ၊ ချင်း၊ ယုံကြည်ကိုးကွယ်မှု – ထေရဝါဒဗုဒ္ဓဘာသာ၊ ခရစ်စယာန်
အစိုးရအဆောက်အဦးများ
မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ နေပြည်တော် တွင် ခမ်းနားလှသည့် အစိုးရ အဆောက် အအုံများ ရှိပါသည်။ လွှတ်တော်အဆောက်အအုံသည် မြန်မာရိုးရာယဉ်ကျေးမှုများနှင့် ခြယ်မှုန်းထား ပြီး မြန်မာ့ရိုးရာဗိသုကာလက်ရာများနှင့် တည်ဆောက်ထားသည်။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ ရုံးချုပ်ဖြစ်သည့် မြို့တော်၏မြို့တော်ခန်းမသည် ထင်ရှားသည့် အထိမ်းအမှတ် အဆောက် အအုံတစ်ခုလည်းဖြစ်သည်။ ခမ်းနားကြီးကျယ်သော မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (၂)ခုမှာလည်း ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ( World Economic Forum East Asia) ၊ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (ASEAN Tourism Forum) များအပါအဝင် အဆင့်မြင့်အခမ်းအနားများကို ကျင်းပခဲ့ပါသည်။ ထို့အပြင် နေပြည်တော်တွင် တရားရုံးချုပ်၊ သမ္မတအိမ်တော်နှင့် အခြားအစိုးရဌာနရုံးချုပ်များလည်း ရှိပါသည်။
နေပြည်တော်သည် ပဲခူးရိုးမနှင့် ရှမ်းရိုးမတောင်တန်းများအကြား တည်ရှိရာလွင်ပြင်တစ်ခု၌ တည်ရှိပြီး ကမ္ဘာပေါ်တွင် အစိမ်းရောင်မြို့တစ်မြို့လည်းဖြစ်ပါသည်။ လူဦးရေနည်းပါးသဖြင့် လူနေ သိပ်သည်းမှုနည်းပါးကာ လေကောင်းလေသန့်ရရှိ၍ ဆူညံသံနည်းပါးသည့် မြို့တစ်မြို့ဖြစ်ပါသည်။ တစ်မြို့လုံးမှာ သိသာစွာစိမ်းစိုလှပနေပြီး မြို့တော်ကိုစိမ်းလန်းသာယာစေမည့် ဥယျာဉ်ပန်းခြံများစွာ လည်းရှိသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတို့အား ပုံစံငယ်ဖြင့် တည်ဆောက် ပြသထားသည့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သည် ထင်ရှားသော ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်ပါသည်။ တိရစ္ဆာန်ဥယျာဉ်မှာ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ရုံများတွင် အကြီးဆုံးဖြစ်ပါသည်။ မြေဧက ၅၀၀ ပေါ်တွင်တည်ဆောက်ထားပြီး တိရစ္ဆာန်မျိုးစိတ်ပေါင်း ၈၁ စုမှ ကောင်ရေ ၄၃၀ ကိုလည်း တွေ့နိုင်သည်။ ဆွဲဆောင်မှုရှိသော စတီးမုခ်ဦးဝင်ပေါက်နှင့် အတွင်းတွင် ရေကန်ငယ်များ၊ ရေပန်း များရှိသည့် ရေပန်းဥယျာဉ်မှာလည်း သွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်ပါသည်။နက္ခတ္တဗေဒကိုစိတ်ဝင်စားသောသူများသည်လည်း နက္ခတ်တာရာပြခန်းသို့ သွားရောက်လည်ပတ်၍ စကြာဝဠာဆိုင်ရာဖြစ်စဉ် ဗဟုသုတများကိုလေ့လာနိုင်ပါသည်။ နေပြည်တော်တွင် သဘာဝအလှ တရားများကို ထိန်းသိမ်းကာလှပစွာတည်ဆောက်ထားသော (၁၈) ကျင်းဂေါက်ကွင်းလည်း ရှိပါ သည်။
နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်သည်သာမက ယဉ်ကျေးမှု ဆိုင်ရာဒေသလည်းဖြစ်ပါသည်။ ကြည်ညိုဖွယ်ဘုရားစေတီမြောက်မြားစွာလည်းရှိသည်။ ဉာဏ်တော် အမြင့် ၁၀၀ မီတာရှိသော ဥပ္ပါတသန္တိစေတီတော်သည်လည်းနေပြည်တော်တွင် ထင်ရှားသော နေရာ တစ်ခုဖြစ်ပေသည်။ ဘုရားခြေတော်ရင်းတွင် ဆင်ဖြူတော်ကိန်းဝပ်ရာ ဆင်ဖြူတော် တင်းကုပ် ရှိပါသည်။ ဆင်ဖြူရတနာများက ကံကောင်းခြင်း၊ ငြိမ်းချမ်းမှုနှင့် စည်းစိမ်ဥစ္စာများကို ဆောင်ယူ လာကြသည်ဟု ဒေသခံများက ယုံကြည်ကြပါသည်။ နေပြည်တော်တွင်ပြတိုက်များလည်းရှိပါသည်။ ထင်ရှားသော ပြတိုက်တစ်ခုမှာ အမျိုးသားပြတိုက်ဖြစ်ပြီး အဆောက်အအုံ (၅) ခုဖြင့် ဖွဲ့စည်း တည်ဆောက်ထားပါသည်။ ပြတိုက်ငယ်တစ်ခု၊ အရေးကြီးပုဂ္ဂိုလ်များ နားနေရန်နေရာ၊ သမ္မတကြီး ၏လက်ဆောင်ပဏ္ဍာပြခန်း၊ ပစ္စည်းများပြသထားသည့် နေရာများပါဝင်ပါသည်။ တပ်မတော် စစ်သမိုင်းပြတိုက်သည်လည်း သွားရောက်လည်ပတ်သင့်သော နေရာတစ်ခုဖြစ်သည်။ ရှမ်းရိုးမ တောင်တန်းကြီး၏ အလှတရားများကိုနောက်ခံထားကာ ကျယ်ပြန့်သောမြေနေရာတွင် ခမ်းနားစွာ တည်ဆောက်ထားခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ရုန်းကန်ခဲ့ရပုံနှင့်အောင်မြင်မှုရရှိခဲ့ပုံများကို သိရှိနိုင်ပါသည်။
ထင်ရှားသောနေရာများ
![]() |
နေပြည်တော်မှာနိုင်ငံ၏မြို့တော်ဖြစ်သဖြင့်နေပြည်တော်တွင် လွှတ်တော်အဆောက်အအုံများ လည်း တည်ရှိသည်။ ခမ်းနားလှသည့်လွှတ်တော်အဆောက်အဦးကို မြေဧက ၈၀၀ ပေါ်တွင် တည် ဆောက် ထားပါသည်။ သမ္မတအိမ်တော် အပါအဝင် ဆောက်အအုံ (၃၁) ခုရှိ၍ ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိပြီး (၂၀) လမ်းသွားလမ်းမကြီးမှဖြတ်၍ သွားရောက်နိုင်ပါသည်။ အဆောက်အအုံကြီးသည်မြန်မာမှုဗိသုကာလက်ရာပုံသဏ္ဍာန်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ရိုးရာကို ထင်ဟပ်ပေါ်လွင် စေသည်။ |
![]() |
နေပြည်တော်မြို့တော်ခန်းမသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီရုံး တည်ရှိရာနေရာဖြစ်၍ မြို့ထင်ရှားသည့် အဆောက်အဦးလည်း ဖြစ်ပါသည်။ အရေးကြီးသော နိုင်ငံတော်အဆင့် အခမ်းအနားများကျင်းပရာတွင် နိုင်ငံတော်သံစုံတီးဝိုင်းက မြို့တော်ခန်းမအတွင်းမှ နိုင်ငံတော် သီချင်းကို တီးမှုတ်ပေးသည်။ မြို့တော်ခန်းမကြီး၏အမိုးကို မြန်မာ့မူဟန်မပျက် တည်ဆောက်ထား ပြီး အတွင်းဖက်တွင်လည်း လှပသောဗိသုကာလက်ရာများဖြင့် တန်ဆာဆင်ထားသည်။ ခန်းမကြီး ၏နောက်ကျောဖက်တွင်လည်း ကစားကွင်းနှင့်ရေပန်းများပါဝင်သည့် ဥယျာဉ်တစ်ခုရှိသည်။ |
![]() |
မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၂) ခုမှာ မြို့တော်၏ထင်ရှားသည့် အမှတ် အသား ဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်အရှေ့အာရှနှင့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် အပါ အဝင် ကြီးမားသည့် နိုင်ငံတကာအခမ်းအနားများကို ကျင်းပခဲ့ပါသည်။ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၁) တွင် အဓိကခန်းမကြီး (၂) ခု၊ အစည်းအဝေးခန်းမ(၃၃) ခုနှင့် အရံခန်းမ (၄၀) ပါရှိပြီး စတုရန်းမီတာ ၆၀၀၀ ကျော်ရှိပါသည်။ ယင်းအဆောက်အအုံကို ၂၀၁၄ တွင် ဖွင့်လှစ် ခဲ့ပြီး အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၂) ကို ၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ |
![]() |
ဒေသဆိုင်ရာယဉ်ကျေးမှုအနုပညာများကို စူးစမ်းလေ့လာလိုသော ကမ္ဘာလှည့်ခရီးသွားများ အနေဖြင့် ဝင်ပေါက်ဘေးနှစ်ဘက်တွင် ဆင်ဖြူတော်ရုပ်ထုနှစ်ခုရှိသည့် သုံးထပ်အဆောက်အအုံ တစ်ခုဖြစ်သော ကျောက်မျက်ပြတိုက်ကို သွားရောက်လည်ပတ်နိုင်ပါသည်။ ကျောက်မျက်ပြတိုက် တွင် ၆၉ ကီလိုဂရမ်ရှိကျောက်စိမ်းတုံးနှင့် ၂၁၄၅၀ ကာရက်ရှိသော မြန်မာ့အကြီးဆုံးပတ္တမြားကြီး ကို ပြသထားသည်။ မြန်မာနိုင်ငံမှာ အဖိုးတန်ကျောက်မျက်ရတနာများကြောင့် ကျော်ကြားပြီး ထွက်ရှိရာဒေသများကို ပန်းချီဖြင့်သရုပ်ဖော်ပြသထားပါသည်။ ခန်းမကြီးတွင် သဘာဝပုလဲများကို လည်း ခင်းကျင်းပြသထားသည်။ နိုင်ငံတော်ကျောက်မျက်ပြပွဲများ ကျင်းပရာနေရာ ဖြစ်ပါသည်။ |
![]() |
အမျိုးသားပြတိုက်သည် ဥတ္တရသီရိမြို့နယ်၊ ကုမုဒြာအဝိုင်းအနီး ၁၄ ဟတ်တာ ကျယ်ဝန်း သော မြေကွက်ပေါ်တွင်တည်ရှိသည်။ A,B,C,D နှင့် E ဟူ၍ ဆောက်အအုံ (၅) ခုခွဲခြားကာ တည်ဆောက်ထားသည်။ အဆောက်အအုံ A တွင် ခန်းမငယ်တစ်ခု၊ ဧည့်သည်တော်များ တည်းခို နားနေရန်နေရာများ၊ သမ္မတလက်ဆောင်ပဏ္ဌာများပြခန်းနှင့် အများပြည်သူနှင့် ဆိုင်သောနေရာ တစ်ခုရှိသည်။ ကျန်အဆောက်အအုံများတွင် ပစ္စည်းများကိုခင်းကျင်းပြသထားပါသည်။ အဆောက် အအုံ B ပြခန်းနေရာကို ပြခန်းများအဖြစ်ဖွဲ့စည်းထားသည်။ |
![]() |
နေပြည်တော်တွင် ခန်းနားသောအဆောက်အအုံများဖြင့် ဖွဲ့စည်းထားသည့် တပ်မတော် စစ်သမိုင်းပြတိုက်ရှိပြီး မြေ၆၀၄ ဧကပေါ်တွင်တည်ဆောက်ထားပါသည်။ ရှမ်းရိုးမကို နောက်ခံထား တည်ဆောက်ထားပြီး လှပသည့် ကျေးလက်ဒေသရှုခင်းကိုလည်း ခံစားနိုင်ပါသည်။ ပြည်သူများ အနေဖြင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့မှုများ၊ သမိုင်းဝင်တိုက်ပွဲများနှင့် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၅ခုနှစ်မှစ၍ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ၏ဆောင်ရွက်ချက်များကို လေ့လာ ကြည့်ရှုနိုင်ပါ သည်။ ပြတိုက်တွင် တပ်မတော် ကြည်း၊ရေ၊ လေ တပ်ဖွဲ့များ၏ ပြခန်း (၆) ခုရှိပါသည်။ |