တနင်္သာရီတိုင်းက မြန်မာနိုင်ငံရဲ့ တောင်ဘက်ပိုင်းမှာတည်ရှိပါတယ်။ ဒီဒေသကိုတော့ ထိုင်းနဲ့ ဆက်နေပြီး ကုန်းမြေလမ်းလောက်သာဝေးပါတယ်။ Andaman ပင်လယ်က တနင်္သာရီတိုင်းရဲ့အနောက်ဘက်အပိုင်းမှာတည်ရှိကာ ထိုင်းကတော့အရှေ့ဘက်မှာရှိပါတယ်။ မြောက်ဘက်မှာတော့ မွန်ပြည်နယ်ရှိပါတယ်။ ထားဝယ်နဲ့မြိတ် မြို့တို့ဟာ တနင်္သာရီတိုင်းရဲ့ အရေးကြီးတဲ့ အဓိက မြို့ကြီးနှစ်မြို့ဖြစ်ပါတယ်။ နေရာက ပင်လယ်နဲ့ နီးတာကြောင့်မို့ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော်လို ဖြစ်နေပါတယ်။
လူမျိုးစုများနှင့် ဘာသာရေးကိုးကွယ်မှုများ
တနင်္သာရီတိုင်းက လူတော်တော်များများက ဗမာလူမျိုးများဖြစ်ကြပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့မြို့တော်ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့မန္တလေးတို့ကလူတွေနဲ့ ပုံစံနဲ့ဘာသာစကားအနည်းငယ် ကွဲပြားပါတယ်။ ဆလုံဆိုတာကလည်းမြန်မာနိုင်ငံရဲ့ လူမျိုးစုတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဆလုံလူမျိုးတွေဟာ ကမ္ဘာမှာနာမည်ကြီးပါတယ်။ သူတို့တွေဟာ ရေအောက်နေသတ္တဝါတွေလိုမျိုး ဖြစ်နေုလိ့ုပါ။ ဆလုံလူမျိုးတွေဟာရေအောက်မှာကို ရေအောက်မှာသွားလို့နေလို့ရတဲ့ အောက်ဆီဂျင်တွေ၊ ပစ္စည်းအကူအညီတွေမပါပဲ နာရီဝက်လောက်ကြာအောင်ထိ ရေငုပ်နိုင်ကြပါတယ်။ မွန်လူမျိုးတော်တော်များများနဲ့ ထိုင်းလူမျိုးတစ်ချို့လည်း ဒီနေရာမှာနေထိုင်ကြပါတယ်။ လူဦးရေရဲ့ ၉၀%လောက်ကတော့ ဗုဒ္ဓဘာသာကိုးကွယ်ကြပါတယ်။ အဲ့ဒီမှာကရင်(ခရစ်ယာန်)နဲ့ အိန္ဒိယ( မွတ်စလင်)လူမျိုးတစ်ချို့ကိုလည်းတွေ့နိုင်ပါတယ်။ဟင်ဒူလူမျိုးကရှိပေမယ့်နည်းပါတယ်။
သွားလာရေးလမ်းကြောင်း
ရန်ကုန်ကနေ ထားဝယ်ကို express ကားနဲ့ သွားလို့ရောက်ပါတယ်။ ထားဝယ်ကို ကားလမ်းပေါက်လို့ပဲဖြစ်ပါတယ်။မြိတ်ကိုရောက်ဖို့ဆိုရင်တော့ သင်က ရန်ကုန်၊ ထားဝယ် သို့မဟုတ် ကော့သောင်းတို့ကနေ လေယာဉ်စီးရမှာဖြစ်ပါတယ်။ထိုင်းဘက် ရနောင်းကနေပြီး ဘုတ်စီးပြီးတော့လည်း လွယ်လွယ်ကူကူရောက်နိုင်ပါတယ်။ သင်က ရန်ကုန်ကနေ ထားဝယ်ကို ရထားနဲ့လည်း သွားနိုင်ပါသေးတယ်။
ထားဝယ်မြို့
ထားဝယ်မြို့ဆိုတာ ဟိုးရှေးယခင် ဗမာ့အင်ပါယာနဲ့ ရှေးဟောင်း ထိုင်းအင်ပါယာဖြစ်တဲ့ အယုဒ္ဓယ တို့ကြားက ကုန်သွယ်ကူးသန်းတဲ့ နောက်ပေါက်အသေးလေးတစ်ခုလိုဖြစ်ခဲ့တာဖြစ်ပါတယ်။ ထားဝယ်မြို့က တနင်္သာရီတိုင်းရဲ့ မြို့တော်လည်းဖြစ်ပါတယ်။ အပူပိုင်း ကမ်းခြေမြို့တစ်မြို့ဖြစ်ကာ မကြာသေးမီကမှ မြန်မာနိုင်ငံဘက်အခြမ်းကို ကားလမ်းမနဲ့ဆက်ခြင်း၊ ရထားလမ်းပြုလုပ်ခြင်းတို့နဲ့ ဆက်သွယ်ထားခဲ့တာဖြစ်ပါတယ်။ မြို့တွင်းက ဗိသုကာပညာရှင်တွေရဲ့လက်ရာတွေဟာ ရှေးဟောင်း သစ်သားအိမ်များ၊ ကိုလိုနီခေတ်စတိုင်လ် အုတ်တိုက်များပုံစံတွေ ဆောက်ထားတာဟာ အထင်ကြီးစရာကောင်းလှပါတယ်။ အုန်းပင်များ၊ရှည်လျားကြီးထွားလှတဲ့ အပင်များ၊ ငှက်ပျောပင်များနဲ့အခြား အသီးတွေရတဲ့အပင်တွေနဲ့အုပ်ဆိုင်းနေတဲ့ပုံကိုကထားဝယ်ရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။
သိမ်ဝကျောင်း(ဘုရားကြီး)
မြို့ထဲက အကြီးဆုံးဗုဒ္ဓဘုန်းကြီးကျောင်းတစ်ခုပဲဖြစ်ပါတယ်။နာမည်အရပဲ သူက ကြီးမားတဲ့ဘုရားကြီးတစ်ခုဖြစ်ကာ မွန်စတိုင်လ် ဗိသုကာလက်ရာတွေနဲ့တည် ထားတာဖြစ်ပါတယ်။သိမ်ဝကျောင်းကို အကောင်းဆုံးသွားလည်သင့်တဲ့အချိန်ကတော့ မနက်ခင်းစောစောနဲ့ နေဝင်ပြီးစအချိန်တို့ပဲဖြစ်ပါတယ်။
ရွှေသာလျောင်းတော်မူ
ရွှေသာလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ၁၉၃၁ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ မြန်မာနိုင်ငံထဲမှာ အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူဖြစ်ကာ အရှည် ၇၄မီတာနဲ့ အမြင့် ၂၁မီတာရှိပါတယ်။ ဒီဘုရားကြီးကို မြို့ရဲ့ရောတော်တော်များများ ဘယ်နားကကြည့်ကြည့် လှမ်းမြင်နေရပါတယ်။ ဘုရားကြီးရဲ့ကြီးမားလှတဲ့ ပုံစံကြောင့်နာမည်ကြီးကျော်ကြားလှပါတယ်။
မောင်းမကန် ကမ်းခြေ
ထားဝယ်ရဲ့ ကမ်းရိုးတန်းနေရာ မောင်းမကန်ကမ်းခြေဟာ10km ရှည်ပြီးတော့ မြန်မာနိုင်ငံထဲက အကောင်းဆုံး၊အလှဆုံးကမ်းခြေတွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ်းခြေက စနေ၊တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေမှာ လူရှုပ်ထွေးစည်ကားပါတယ်။ သင်က လူရှုပ်စည်ကားတာမကြိုက်ရင်တော့ ပိတ်ရက်တွေကို ရှောင်ပြီးသွားဖို့အကြံပေးပါရစေ။
မြိတ်
မြိတ်( အသံထွက်နဲ့ခေါ ်ပါက ဘိတ်)ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀လောက်ကတည်းက အရေးကြီးတဲ့ ဆိပ်ကမ်းနေရာဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်းတွေကို မျက်နှာမူထားပြီး ရေပတ်လည်ဝိုင်းနေပြီးကျွန်းဆွယ်လေးတစ်ခုလိုဖြစ်နေတာကြောင့် စိတ်ချရတဲ့ဆိပ်ကမ်းပုံစံဖြစ်နေလို့ပဲဖြစ်ပါတယ်။ မြန်မာတွေပြောတာကတော့ မြိတ်မှာ ကျွန်းပေါင်း ၄၀၀၀လောက်ရှိတယ်လို့ပြောပေမယ့် လေ့လာသူတွေရဲ့မှတ်တမ်းအရတော့ ကျွန်းပေါင်း ၈၀၄ခုလောက်သာရှိတယ်လို့ ပြောပါတယ်။ မြိတ်မြို့မှာထွက်တဲ့ ပစ္စည်းတွေကတော့ရာဘာ၊ ရေထွက်ပစ္စည်းများ၊ အရမ်းကိုနာမည်ကြီးတဲ့ပျံလွှားငှက်သိုက်များ ထွက်ပါတယ်
မြိတ် - ထားဝယ်မြို့များမှ သွားရောက်လည်ပတ်နိုင်သည့် အထင်ကရနေရာများ
မြိတ်မြို့လေးကျွန်းဆီမီးသိမ်တော်ကြီး |
မြိတ်မြို့ပထက်တောင် အတုလရံသီရွှေသာလျောင်းဘုရားကြီး |
မြိတ်မြို့ ကျွဲကူး-ကျောက်ဖျာတံတား |
မြိတ်မြို့ရှိရှေးဟောင်းသိမ်များ |
မြိတ်ကျောက်ဖျာမြစ်သင်္ဘောကျင်းများ |
မြိတ်မြို့ မင်္ဂလာကန်တော် |
လောကသရဖူရွှေသာလျောင်းဘုရား ထားဝယ်မြို့ |
ထားဝယ်မြို့ ရွှေတောင်းစားစေတီတော် |
ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံ၊ ရေဖြူမြို့နယ် |
ကော့သောင်
ကော့သောင်(ကော့သောင်းလို့လည်းသိကြပါတယ်) ကတော့မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးအပိုင်းမှာတည်ရှိပါတယ်။ အဓိက စီးပွားရေးအနေနဲ့ကတော့ ငါးဖမ်းခြင်း၊ ရာဘာလုပ်ခြင်း အစရှိသည်တို့ကို ထိုင်းနဲ့ ဖလှယ်ကြခြင်းဖြစ်ပါတယ်။ နောက်ပြီး ကော့သောင်က အရမ်းကို ထူးချွန်တဲ့ လက်ဝှေ့သမားတွေ ထွက်တဲ့နေရာလို့လည်းနာမည်ကြီးပါတယ်။ ကော့သောင်က ရန်ကုန်ကနေပြီးတော့ 800km ဝေးပြီးတော့ မြန်မာနိုင်ငံရဲ့ မြောက်ဘက် ကချင်ပြည်နယ်နဲ့တော့ 2000km ဝေးပါတယ်။
ကော့သောင်ကျွန်းများ
ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံးမြို့ဖြစ်ပါသည်။ ဆိပ်ကမ်းမြို့ များအနက် တစ်မြို့ဖြစ်ပြီး ကြီးမားကျယ်ဝန်းသည့် ပတ်ချန်မြစ်သည် ထိုင်း-မြန်မာနယ်စပ်ကို ကွဲပြားဖြစ်ပေါ်စေပါသည်။ ကော့သောင်းမြို့သည် ၂၈၀၀၀ ကီလိုမီတာ ကျယ်ဝန်းသော ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်ပြီး မြစ်ဝများ၊ မြစ်များ၊ ချောင်းတက် ချောင်းစွယ်များ၊ ကျွန်းများဖြင့်ဖွဲ့စည်းထားသော မြို့ဖြစ်ပါသည်။ ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သည့် ရနောင်းမြို့သည့် မနီးမဝေးတွင် တည်ရှိပြီး ဖူးခက်မြို့မြောက်ဘက် ၃၂၂ ကီလိုမီတာသာ ကွာဝေးပါသည်။ ကော့သောင်းမြို့သည် စည်ကား သိုက်မြိုက်လှသော “တံငါရွာ”၏ ပြယုဂ်တစ်ခုအဖြစ်လည်း ရပ်တည်နေပါသေးသည်။ ကော့သောင်း မြို့သည် မြိတ်ကျွန်းစုထိန်းသိမ်းစောင့်ရှောက်ရေး (Mergui National Reserve) ဧရိယာအဖြစ် တည်ရှိပြီး ရေငုပ်ခြင်း၊ ပင်လယ်ရေအောက် အလှအပကြည့်ရှုခြင်း စသည်တို့ကိုပြုလုပ်နိုင်ပါသည်။ ဆိပ်ကမ်းအနောက်ဘက် ၁၀၀ ကီလိုမီတာ အကွာတွင် ဆိပ်ကမ်း၏ ကြက်ပျံမကျ စည်ကားမှုမှ တသီးတသန့်တည်ရှိနေသော ကော့သောင်းမြို့၏ လမ်းသွယ်လေးများကို မြင်တွေ့နိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များသည် ငါးသုံးလုံးတောင်(၅၅၅) ပေါ်မှနေ၍ ကော့သောင်းမြို့၏ ၃၆၀ ဒီဂရီ မြင်ကွင်းကို မြင်တွေ့နိုင်ပါသည်။
ကော့သောင်မှာကျွန်းတွေအများကြီး ရှိပါတယ်။ ဒါပေမယ့်လည်းကျွန်းတွေကို သွားလည်ဖို့အတွက် ပို့ဆောင်ရေးတွေကအမြဲပုံမှန်မရှိတာကြောင့် ခရီးသွားတွေလာလည်တဲ့အခါအဆင်မပြေတဲ့ အားနည်းချက်တစ်ခုဖြစ်နေပါတယ်။ အဲ့လိုပို့ဆောင်ရေးမလွယ်တာကြောင့်မို့ လူအရောက်အပေါက်နည်းတာကြောင့်လည်း သင်က တကယ့်သဘာဝအလှနဲ့ကမ်းခြေတွေကို ခံစားနိုင်ပါတယ်။ တကယ်လို့ သင်က ကျွန်းတွေကို လည်ပတ်ချင်ပါက စက်လှေပိုင်ရှင်နဲ့ဆွေးနွေးပြီးတော့ ဈေးညှိနိုင်ပါတယ်။ ရာသီအလိုက် ဈေးနှုန်းကွဲပြားနိုင်ပါတယ်။ နာမည်ကြီးတဲ့ဆလုံကျွန်း( ဂျစ်ပစီကျွန်း)ကတော့လုံးဝသဘာဝအတိုင်းရှိတဲ့ကျွန်းဖြစ်ပြီး၊သဲနုနုလေးတွေတွေ့ရမှာပါ။ ဆလုံတွေရဲ့ လူနေမှုပုံစံကိုပါ သင်က အနီးကပ်လေ့လာနိုင်မှာဖြစ်ပါတယ်။
သဘာဝရေတံခွန်များနှင့်ရေပူစမ်းများ |
ကော့သောင်းမြို့သို့ အားလပ်ရက်တစ်ခုခု၌ ခရီးထွက်ခဲ့မည်ဆိုလျှင် မြို့၏ ၄၀ ကီလိုမီတာ မျှသာဝေးသော မလိဝမ်ရေတံခွန်နှင့် ရေပူစမ်းသို့ မရောက်ဖြစ်ခဲ့ဖူးဆိုလျှင် သင့်အတွက် ကော့သောင်းသို့ မရောက်ခဲ့ရသလို ခံစားရစေလိမ့်မည်။ အဆိုပါနေရာသို့ နှစ်နာရီသာသာ သွားလျှင် ရောက်နိုင်ပါသည်။ ရေတံခွန် မှ ၃ ကီလိုမီတာ ခန့်လောက်တွင် ရေပူစမ်းကန်ရှိပေသည်။ ထိုရေပူစမ်း ကန်ထဲသို့ ရေတံခွန်မှ ရေတို့သည် စီးဝင်ကြသည်။ ရေပူစမ်းကန်ထဲတွင် ရေစိမ်သူတို့အတွက် အဆင်ပြေပြေ စိမ်နိုင်၊ချိုးနိုင်ဖို့အတွက် ရေချိုးဆိပ်လေးများကို စုံစုံလင်လင် ပြုလုပ်ပေးထားပါသည်။ ပတ်ဝန်းကျင်ဒေသ၏ အလှတို့သည်လည်း အရောင်အသွေးစုံလင်စွာဖြင့် နှစ်လိုဖွယ်ဖြစ်စေရန် ပါဝင် အားဖြည့်ထားပေးပါသည်။ ထို့ကြောင့် ကော့သောင်းသို့ရောက်လျှင် ဤနေရာသို့ သေချာပေါက် သွား ပါလို့ တိုက်တွန်းလိုက်ပါရစေ။
|
သပ္ပာယ်ကြည်ညိုဖွယ် ဘုရားစေတီများ |
ကော့သောင်းမြို့သည် ကျက်သရေမျိုးစုံဖြင့် စွဲမက်ဖွယ်ကောင်းအောင် ဆွဲဆောင်ထားသော ဘုရားစေတီများစွာ တည်ထားကိုးကွယ်ထားသော နေရာဒေသတစ်ခုလည်းဖြစ်ပေသည်။ ထင်ရှား ကျော်ကြားသော ဘုရားစေတီများစွာထဲမှ အချို့စေတီများမှာ – ပြည်တော်အေးဘုရား၊ အာနန္ဒာ ဘုရားနှင့် အောင်တော်မူဘုရား စသည်တို့ဖြစ်ပေသည်။ ထင်ရှားကျော်ကြားသော ဘုရားစေတီ များစွာထဲမှ အချို့စေတီများမှာ လွန်ခဲ့သော ရာစုနှစ်တစ်စုလောက်ကတည်းက တည်ခဲ့သော စေတီပုထိုးများပင် ဖြစ်ပေသည်။ ပုဂံမြို့တွင် တည်ထားသော အာနန္ဒာဂူဘုရားအတိုင်း တစ်ပုံစံ တည်းနီးပါး ပုံစံတူတည်ထားကိုးကွယ်ထားသော ဘုရားစေတီတစ်ဆူမှာ ကော့သောင်းမြို့ရှိ ရွှေပြည်သာဘုရား ဖြစ်ပေသည်။ ရွှေပြည်သာဘုရားတွင် မြန့်မာ့ယဉ်ကျေးမှုအနုပညာ လက်ရာများ ကို ဖြတ်ခနဲ မျက်ဝါးထင်ထင်မြင်တွေ့စေနိုင်သော ပြတိုက်တစ်ခုလည်းရှိပေသည်။ အဆိုပါနေရာများ အားလုံးသည် ခရီသွားများ အမြဲတမ်းလိုလိုလာရောက်လည်ပတ်သော နေရာဒေသများ ဖြစ်ပေသည်။ |
လှပသေသပ်၍ နှစ်လိုဖွယ်ကောင်းသာ နေရာဒေသများ
|
ကော့သောင်းမြို့သည် ကျက်သရေအပေါင်းဖြင့် ပြည့်စုံသော ဘုရားစေတီများ၊ ရေပူစမ်းများ နှင့် ရေတံခွန်များအပြင် ခရီသွားများကို ဆွဲဆောင်နိုင်သော နေရာဒေသများ ကျန်နေပေသေးသည်။ မြန်မာနိုင်ငံ၏တောင်ဘက်စွန်းတွင်ရှိသော ယခင်က ဗစ်တိုးရီးယားပွိုင့်ဟု နာမည်ကြီးခဲ့သော ယခု အခါ ဘုရင့်နောင်အငူဟု ပြောင်းလဲခေါ်ဝေါ်နေသော နေရာဒေသသို့လည်း သွားရောက်လည်ပတ်နိုင် ပါသေးသည်။ မြို့တစ်မြို့လုံးနီးပါး မြင်နိုင်သော လှပ၍ အရောင်အသွေးစုံလင်စွာ စွဲမက်ဖွယ် ကောင်းသော မြင်ကွင်းကျယ်အလှကို ကြည့်ရှုခံစားချင်သူများအတွက် ငါးသုံးလုံး တောင်ကုန်းပေါ် တွင် အလှတရားကို ခံစားနိုင်ပါသည်။ အခြားထင်ရှားသော နေရာဒေသများမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။ ပလုံးတုံတုံတံတား၊ မြို့မဈေး၊ မရေတွက်နိုင်လောက်အောင် များပြားသော ဆလုံ လူမျိုးတို့နေထိုင်ရာ ကျေးရွာများပင် ဖြစ်ပေသည်။ ကော့သောင်းမြို့သည် ခရီးသွားလူထုကို အရသာ ရှိသော ဒေသထွက်အစားအစာများမှ အစ ဒေသခံပြည်သူတို့၏ ဖော်ရွှေမှုတို့အဆုံး အစစအရာရာ ဆွဲဆောင်ထားနိုင်သော နေရာဒေသ တစ်ခုပင်ဖြစ်ပါသည်။ |
ကော့သောင်းမြို့သို့ အားလပ်ရက်တစ်ခုခု၌ ခရီးထွက်ခဲ့မည်ဆိုလျှင် မြို့၏ ၄၀ ကီလိုမီတာ မျှသာဝေးသော မလိဝမ်ရေတံခွန်နှင့် ရေပူစမ်းသို့ မရောက်ဖြစ်ခဲ့ဖူးဆိုလျှင် သင့်အတွက် ကော့သောင်းသို့ မရောက်ခဲ့ရသလို ခံစားရစေလိမ့်မည်။ အဆိုပါနေရာသို့ နှစ်နာရီသာသာ သွားလျှင် ရောက်နိုင်ပါသည်။ ရေတံခွန် မှ ၃ ကီလိုမီတာ ခန့်လောက်တွင် ရေပူစမ်းကန်ရှိပေသည်။ ထိုရေပူစမ်း ကန်ထဲသို့ ရေတံခွန်မှ ရေတို့သည် စီးဝင်ကြသည်။ ရေပူစမ်းကန်ထဲတွင် ရေစိမ်သူတို့အတွက် အဆင်ပြေပြေ စိမ်နိုင်၊ချိုးနိုင်ဖို့အတွက် ရေချိုးဆိပ်လေးများကို စုံစုံလင်လင် ပြုလုပ်ပေးထားပါသည်။ ပတ်ဝန်းကျင်ဒေသ၏ အလှတို့သည်လည်း အရောင်အသွေးစုံလင်စွာဖြင့် နှစ်လိုဖွယ်ဖြစ်စေရန် ပါဝင် အားဖြည့်ထားပေးပါသည်။ ထို့ကြောင့် ကော့သောင်းသို့ရောက်လျှင် ဤနေရာသို့ သေချာပေါက် သွား ပါလို့ တိုက်တွန်းလိုက်ပါရစေ။
