ကချင်ပြည်နယ်

မြန်မာနိုင်ငံမြောက်ဖျားမှာ ကချင်ပြည်နယ်တည်ရှိပါတယ်။ အရှေ့နဲ့မြောက်မှာ တရုတ်နိုင်ငံ၊ တောင်ပိုင်းမှာ ရှမ်းပြည်နယ်နဲ့ အနောက်ဘက်မှာ စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယနိုင်ငံတို့က ဝန်းရံထားတယ်။ ပြည်နယ်မြို့တော်က မြစ်ကြီးနားမြို့ဖြစ်ပါတယ်။ အခြားအရေးပါတဲ့မြို့တွေကတော့ ဗန်းမော်၊ ပူတာအိုနဲ့ မိုးညှင်းမြို့တို့ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ မြန်မာနိုင်ငံရဲ့အမြင့် ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီ(၅၈၈၉)မီတာတည်ရှိပြီး မြန်မာနိုင်ငံရဲ့အကြီးမားဆုံးရေကန်ဖြစ်တဲ့ အင်းတော်ကြီးအိုင် တည်ရှိပါတယ်။ ခါကာဘိုရာဇီတောင်ဟာ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ဖျားမှာ တည် ရှိပါတယ်။ အင်းတော်ကြီးအိုင်က အရှေ့တောင်အာရှမှာ အကြီးဆုံးရေကန်ကြီးဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ တည် ရှိပါတယ်။ ကချင်ပြည်နယ်ရဲ့လူဦးရေက အခြားပြည်နယ်၊တိုင်းတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒဿမမြောက်ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ကျောက်စိမ်းနဲ့ ရွှေသတ္တူထွက်တာကြောင့် ကျော်ကြားပါတယ်။ ကချင်ပြည်နယ်မှာ အပန်းဖြေလည်ပတ် ချင်စရာတွေ အများကြီးရှိတာကြောင့်လည်း ကျော်ကြားပါတယ်။


ကချင်ရိုးရာဓလေ့ထုံးစံများ

ကချင်တိုင်းရင်းသားတို့သည် တိဘက်မြန်မာအုပ်စုဝင်များ ဖြစ်ကြသည်။ ဂျိန်းဖော၊ အဇီး(ဇိုင်းဝါး)၊ လရှီ(လာချိ)၊ လီဆူ၊ ရဝမ်နှင့် မရှု(လော်ဝေါ) မျိုးနွယ် ၆ မျိုးကို စုပေါင်း၍ ကချင်ဟု ခေါ်လေ့ရှိကြပြီး ကချင်ပြည်နယ်တွင် ရှမ်းကြီး၊ ရှမ်းတရုတ်၊ ရှမ်းမြန်မာ၊ ဂဒူးစသော မျိုးနွယ် ၄ မျိုး ပါဝင်သော ရှမ်းများနှင့် ချင်း၊ ပလောင်၊ နာဂတို့ပါ နေထိုင်ကြသည်။


ဘာသာစကားနှင့် စာပေ

ဘာသာစကားမှာ ဂျိန်းဖောစကား၊ မရူစကား၊ ရဝမ်စကား၊ လီဆူစကား ဟူ၍ စကားကြီး ၄ မျိုးရှိပြီး၊ လရှီစကားနှင့် အဇီးစကားတို့မှာ မရူစကားမှ ခွဲထွက်လာသော စကားများဖြစ်သည်။ ဂျိန်းဖောစကား ကို လူသုံးအများဆုံး ဖြစ်သည်။ မရူစကားမှာ ဒုတိယ လူသုံးအများဆုံး ဖြစ်သည်။


ဝတ်စားဆင်ယင်မှု

ကချင်တိုင်းရင်းသားတို့က အမည်းရောင်ဝတ်သည်။ လရှီ၊ လီဆူနှင့် အဇီးတို့က ခေါင်းပေါင်းကို ထူထူထဲထဲ ပေါင်းထုပ်သဖွယ် ပေါင်းကြ၍ ဂျိန်းဖောနှင့် မရူတို့က ပါးပါးပေါင်းကြသည်။ မြောက်ပိုင်းနေ တိုင်းရင်းသားတို့က လုံကွင်းကို တိုတိုဝတ်ကြ၍ တောင်ပိုင်းနေ တိုင်းရင်းသားတို့က ရှည်ရှည်ဝတ်ကြသည်။


ကိုးကွယ်ယုံကြည်မှု

ကချင်ပြည်နယ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူများ၊ ခရစ်ယာန် ဘာသာကိုးကွယ်သူများ၊ နတ်ကိုးကွယ်သူများ ဟူ၍ ရှိကြသည်။ ဘာသာကိုးကွယ်သူများသည် သက်ဆိုင်ရာဘာသာကို လေးစားသမှု အထူးရှိကြသည်။ မိမိတို့ ဘာသာအလိုက် ယုံကြည်ရာ ကချင် ပြည်နယ်တွင် နတ်ကိုးကွယ်သူ များပြားသည်။ နတ်ကိုးကွယ်မှုမှာ အဓိက ဖြစ်သည်။ နတ်များ ကျေနပ်မှုရစေရန် အရေးကြီးသဖြင့် ယဇ်ကောင်များဖြင့် နတ်များကို ပူဇော်ပသရသည်။ ရွာအဝင် တွင် ကျေးရွာဆိုင်ရာ နတ်ကွန်းများ တွေ့နိုင်သည်။ နှစ်စဉ် နတ်ပူဇော်ပွဲ ကျင်းပချိန်တွင်သာ မွမ်းမံလေ့ရှိသည်။ အမြဲထိန်းသိမ်းထားလေ့ရှိသော နတ်ကွန်းမှာ မြေနတ်၏ နတ်ကွန်းဖြစ်သည်။ ယင်းနတ်ကွန်းကို ကျောက်ဘုံများဖြင့် ဝိုင်းရံထားခြင်း၊ ဝန်းခတ်ထားခြင်းများ ပြုလုပ်လေ့ရှိသည်။ အိမ်များတွင် နတ်ကွန်းကို အိမ်ရှေ့၌ ထားပြီး နတ်စင်ကို အိမ်ဦးခန်း၌ ထားသည်။ အချို့ကျေးရွာရှိ အိမ်များတွင် ရှေးယခင်ကတည်းက ပူဇော်ခဲ့သော ယဇ်ကောင်များ၏ ခေါင်းခွံများအား ဆင့်ကဲ ချိတ်ဆွဲထား သည်ကို တွေ့ရပေမည်။


အုပ်ချုပ်မှုအစဉ်အလာ

ကျေးရွာတွင် အကြီးအကဲအဖြစ် ကချင်ဒူးဝါး တစ်ဦးရှိသည်။ ၎င်း၏ အိမ်ခေါင်း၌ ကျွဲချိုကဲ့သို့သော သစ်ပြားဖြင့် ပြုလုပ်သည့် အိမ်ချို တပ်ဆင်ထားသည်။ ကျေးရွာအုပ်စု များနှင့် ဒူးဝါး နယ်မြေများကို အုပ်ချုပ်ရန် ပြည်နယ်အစိုးရက တောင်အုပ်များနှင့် တောင်တန်း ဝန်ထောက်များကို ခန့်ထားပေး သည်။ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီများကိုပါ ယခုအချိန်တွင် တွဲဖက်ပေးထားသည်။ ထုံးစံအရ ရိုးရာဥပဒေများသာ ရှိသည်။ ချိုးဖောက်ပါက ဝဋ်ကျွေးပေးဆပ်ခြင်း ပြုရသည်။ ဖဂါ ခေါ် လက်ဆောင်အဖြစ် အဖိုးတန်ပစ္စည်း တစ်မျိုးမျိူးကို ကွမ်းဘိုးအဖြစ် ပေးရသည်။ ဓါး၊ လှံ၊ သန္တာပုတီး၊ သေနတ် စသည်တို့ကို အသုံးပြုသည်။


ရိုးရာယဉ်ကျေးမှု

လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေးသည် နတ်တို့နှင့် သက်ဆိုင်သည်ဟု ယုံကြည်ကြသည်။ မကျန်းမာလျှင် နတ်ဟောဆရာထံ မေးမြန်း၍ သက်ဆိုင်ရာ နတ်တို့အား ပူဇော်ပသရသည်။ ဆင်းရဲနွမ်းပါးသူများပင်လျှင် ကြွေးခံ၍ နတ်ကန်တော့ရသည်။ နတ်ဆရာများသည် ဘာသာရေးတွင်သာမက လူမှုရေးတွင်ပါ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အတိတ်နိမိတ် ကောက်ယူခြင်း၊ အဆောင်များထားခြင်းတို့ကို ပြုတတ်၍ စုန်းများရှိပြီး ပြုစားတတ်သော အတတ်ပညာများ ရှိသည်ဟုလည်း ယုံကြည်ကြသည်။ မဒိုင်နတ်ခေါ် ကောင်းကင်နတ်ကို မူတည်၍ အကြောင်းအမျိုးမျိုးကြောင့် မနောပွဲကျင်းပကြရာ အရေးကြီးသော မနောပွဲငါးမျိုး ရှိသည်။

– ပဒန်မနော (စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။)

– ဆွတ်မနော (ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ဝန်တိုသူများရှိ၊ မရှိ ပေးဆပ်ရန် ကြွေးရှိ၊ မရှိ ရယူရန် ကြွေးရှိ၊ မရှိ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ် ဖွဲ့သောပွဲ။)

– ဂျူမနော (မကျန်းမာသည့်အခါနှင့် အသက်အရွယ် ကြီးရင့်သော အဘိုးအို၊ အဘွားအိုများ သေဆုံးသည့်အခါ ကျင်းပသောပွဲ။)

– ကွမ်ရန်မနော (အိမ်သားဖြစ်သူ ညီအစ်ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင် နေထိုင်ကြသော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်းပင့်ဆောင်ယူ သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။)

– ရှဒမ်ဖေါ့မနော (နယ်မြေသစ် တည်ထောင်ပြီး မဒိုင်နတ်အား နေရာပြသော အထိမ်းအမှတ်၊ နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို နှင်ထုတ် သော အထိမ်းအမှတ်အဖြစ် ကျင်းပသောပွဲ။)

မနောပွဲအပြင် အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘပွဲ၊ နတ်ပူဇော်ပွဲနှင့် ကောက်သစ်စားပွဲ စသော အခြားပွဲလမ်းများ ရှိသေးသည်။


 

ထင်ရှားသောနေရာများ


မြစ်ကြီးနား

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားက ဧရာဝတီမြစ်ကမ်းရဲ့မြင့်မားတဲ့ကုန်းမြေမြင့်ဒေသမှာ တည်ရှိပါတယ်။ မီးရထား လမ်းဆုံမြို့လည်း ဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်ပေါင်းစုံယှဉ်တွဲနေထိုင်ကြပါတယ်။ လယ်တောမြေတွေနဲ့ ဥယျာဉ်ခြံမြေ တွေကို လည်း ဧရာဝတီမြစ်ရိုးတလျှောက် တွေ့မြင်နိုင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကျောက်မျက်ရတနာတွေကို ကချင် ပြည်နယ်မှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် ကချင်ရိုးရာဝတ်စုံ၊ လက်မှုပစ္စည်းတွေနဲ့ အခြားယဉ်ကျေးမှုဆိုင်ရာ အထည်နဲ့ အစားအစာတွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။ မြစ်ကြီးနားမြို့လယ်မှာ ရုံတွင်းဈေးကြီးရှိပြီး မြန်မာ့မောင်းတူရိယာတွေ ဝယ်ယူနိုင်ပါတယ်။ သုံးရက်ဈေးတွေကတော့ စိတ်ဝင်စားစရာ ပြည်တွင်းထုတ်ကုန်အမျိုးမျိုးနဲ့ မျောက်ဦးခေါင်းခွံနဲ့ ပြုလုပ်ထားတဲ့ခွက်တွေကိုလည်း ဝယ်ယူနိုင်ကြောင်းပါ။


ပူတာအို

မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၁၈မိုင်အကွာအဝေးမှာ ပူတာအိုမြို့တည်ရှိပါတယ်။ ပူတာအိုကို လေကြောင်းခရီးနဲ့ပဲ သွားရောက်နိုင်ပြီး တိုင်းရင်းသားပေါင်းစုံ အတူယှဉ်တွဲနေထိုင်နေကြတာဖြစ်ပါတယ်။ မူလာမြစ်ကို ဖြတ်ပြီးထိုးထားတဲ့ မူလာရှီဒီးကြိုးတံတားကို မြို့နဲ့ ၇မိုင်အကွာအဝေးမှာ တွေ့မြင်နိုင်ပါတယ်။ အသက်ရှုမှားလောက်တဲ့ မြောက်ပိုင်း ရှုခင်း အလှတွေကို ခံစားလေ့လာရင်း ကချင်တိုင်းရင်းသားတွေဖြစ်တဲ့  ဂျိမ်းဖော၊ ရဝမ်၊ လီစူး၊ တိုက်နဲ့ ခမ္မတီးချင်းတိုင်းရင်း တွေဆီ သွားရောက်လည်ပတ်နိုင်ပါတယ်။ သဘာဝတရားကို ချစ်တတ်သူတွေအတွက်တော့ ကချင်ပြည်နယ်က သွား ရောက်လည်ပတ်ချင်ဖို့ ထိုက်တန်တဲ့ခရီးစဉ်တစ်ခုလို့ ညွှန်းဆိုနိုင်ပါတယ်။


ဗန်းမော်

ဗန်းမော်မြို့က မြစ်ကြီးနားလောက် မကြီးမားပေမယ့် တောင်ကုန်းတွေအကြား လှလှပပတည်ရှိပါတယ်။ မြေမျက်နှာ သွင်ပြင်က လျိုမြောင်တွေများပြားပြီး တောင်ကျချောင်းတွေ ဖြစ်နေပါတယ်။ ဧရာဝတီမြစ်က ဒီရေတက်နေချိန် မြို့အနိမ့် ပိုင်းက ရေမြှပ်တတ်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးရေမြှပ်နေလေ့မရှိပါဘူး။ မြစ်ကြီးနား-ကသာ မီးရထားလမ်းရှိပါ ကြောင့် ပြည်သူတွေအနေနဲ့ မြစ်ကိုဖြတ်ပြီး ဗန်းမော်ကို သွားရောက်နိုင်ပါတယ်။ တိုင်းရင်းသားဝတ်စုံအစုံအလင်နဲ့ လီစူး၊ ရဝမ်၊ ကချင်နဲ့ ရှမ်း၊ ပလောင်တိုင်းရင်းသားတွေကို အထူးသဖြင့် ပွဲတော်ရက်တွေမှာ တွေ့မြင်နိုင်ပါတယ်။ တချို့ဈေး တွေက လမ်းမတွေပေါ်မှာပဲ ဖွင့်လှစ်ရောင်းချပြီး မနက်လေးနာရီကတည်းက ဖရောင်းတိုင်မီးလေးတွေထွန်းပြီး ရောင်းချ ကြတာဖြစ်ပါတယ်။ သစ်သီးဝလံ၊ပန်းနဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ယူနိုင်ပါတယ်။


မြစ်ဆုံ

မြစ်ဆုံက မြစ်ကြီးနားမြို့ရဲ့မြောက်ဘက် ၄၅ကီလိုမီတာအကွာအဝေးမှာတည်ရှိပါတယ်။ အားကောင်းမောင်းသန်စီးဆင်း နေတဲ့ ဧရာဝတီမြစ်စတင်ဖြစ်ပေါ်စေတဲ့ မေခနဲ့ မလိခမြစ်တို့ဆုံတဲ့ နေရာပဲဖြစ်ပါတယ်။ ခရီးစဉ်က တချို့နေရာတွေမှာ ကြမ်းတမ်းပြီး တနာရီခွဲခန့် သွားရပါတယ်။ တက္ကစီနဲ့သွားမယ်ဆိုရင် ငါးသောင်းကျပ်ပေးရပြီး ဆိုင်ကယ်ကယ်ရီနဲ့သွား မယ်ဆိုရင် ပိုပြီး ကုန်ကျစရိတ်သက်သာပါတယ်။


အင်းတော်ကြီးကန်

ကချင်ပြည်နယ်ရဲ့နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက မိုးညှင်းမြို့တော်မှာ တည်ရှိတဲ့ အင်းတော်ကြီးကန်ပါ။ မြန်မာ နိုင်ငံရဲ့  အကြီးဆုံး ကန်ဖြစ်ပြီး အင်းတော်ကြီးတောရိုင်းတိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးလည်း ရှိပါတယ်။ အင်းတော်ကြီး ကန်လယ်မှာ ရွှေမြင့်ဇ္ဇူဘုရားတည်ထားပါတယ်။ ဒီဘုရားက ကချင်ပြည်နယ်ရဲ့ထင်ရှားကျော်ကြားတဲ့ ဘုရားပါပဲ။ အင်တော်ကြီးရွှေမြင့်ဇ္ဇူဘုရားကို ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးကန်အနောက်ဘက်ကမ်း ကနေ ပေ ၁၅၀၀ အကွာအဝေးရှိ သဲသောင်ပေါ်မှာ တည်ထားတာဖြစ်ပါတယ်။ ၁၁ရာစုမှာ တောင်သုံးလုံးဆရာတော်က ဖာနန်းမွန်ဧရိယာမှာ သီလ၊သမာဓိ၊မေတ္တာ စသည်တို့ကို ကျောက်တုံးသုံးတုံးမှာ ဖော်ပြစေခဲ့တယ်။ တောင်သုံးလုံး ဆရာတော်ရဲ့မိန့်ကြားချက်အတိုင်း ဆရာတော်ဦးသောပိတက ၁၂၃၀ပြည့်နှစ်၊ နှစ်သစ်ကူးနေ့မှာ စေတီတော် ပန္ဒုက်ချ ခဲ့ပါတယ်။ ၁၈၆၉ခုနှစ်၊ ကဆုန်လမှာ ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော်မှ ဓါတ်တော် ငါးဆူကို ရေလမ်းခရီးကနေ ရတနာရွှေကြုတ်တွေနဲ့ ပင့်ဆောင်ခဲ့ပြီး ဌာပနာခဲ့တယ်လို့ ဆိုပါတယ်။ ကဆုန်လပြည့်ကျော် ၆ရက်နေ့မှာ စေတီတော် တည်ထားကိုးကွယ်မှုပြီးစီးခဲ့ပါတယ်။ မူလဉာဏ်တော် ၁၅ပေရှိခဲ့ပြီး ထပ်မံမွမ်းမံပြင်ဆင်ခဲ့ကြတာကြောင့် ဉာဏ်တော် ၃၉ ပေနဲ့ ၁၀လက်မ လက်ရှိအချိန်မှာ ရှိပါတယ်။ အရန်စေတီတော်အနေနဲ့ ၁၅၂ဆူ ရှိပါတယ်။


ဆုတောင်းပြည့်စေတီတော် ( မြစ်ကြီးနားဗုဒ္ဓဘာသာဘုရားကျောင်း)

ဇော်ဂျွန်လမ်းမကြီးရဲ့မြောက်ဘက်စွန်း၊ ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ ဘာသာရေးအဆောက်အအုံ့တစ်ခုဖြစ်တဲ့ ဆုတောင်းပြည့်စေတီကတော့ မြို့ရဲ့စိတ်ဝင် စားစရာအကောင်းဆုံးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စေတီတော်နဲ့ မျက်နှာချင်းဆိုင်မှာ ဉာဏ်တော် ၉၈ပေရှိတဲ့ လျောင်းတော်မှု ဗုဒ္ဓရုပ်ပွားတော် တည်ရှိပါတယ်။ အဲဒီ အနီးနားက ရုပ်ပွား တော်ကို စစ်အတွင်းက ကျဆုံးခဲ့တဲ့ ရဲဘော်ရဲဘက် ၃၄၀၀ကို အမှတ်ရအောင့်မေ့တဲ့အနေနဲ့ ဂျပန်စစ်သားတစ်ဦးက လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။


မြို့မဈေး

ကချင်ပြည်နယ်ရဲ့အဓိကဈေးကြီးကတော့ မြို့မဈေးပါပဲ။ အင်မတန်စည်ကားတဲ့ဈေးဖြစ်ပြီး ညနေခင်းနဲ့ ညဘက်တွေမှာ လည်း လမ်းဘေးမှာ ဆက်လက်ရောင်းချတဲ့ဈေးသည်တွေမပြတ်ပါဘူး။ မြို့မဈေးမှာ ဈေးဝယ်ရတာ ပျော်စရာဖြစ်ပြီး လီဆူး၊ ရဝမ်၊ ကချင်နဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ လက်မှုပစ္စည်းအမျိုးမျိုးကို ဝယ်ယူနိုင်ပါတယ်။ အရောင်အသွေးစုံလင်လှ တဲ့ တိုင်းရင်းသားတွေပါပဲ။


ရှရီဆာရာဝတီဘုရားကျောင်း

မြန်မာနိုင်ငံရဲ့အကြီးဆုံးဘုရားကျောင်းတွေထဲမှာ ရှရီဆာရာဝတီဘုရားကျောင်းက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ခန်းနားမှု၊ လှပဆန်းကြယ်တဲ့အဆင်အပြင်တွေနဲ့ အင်မတန်စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ မြစ်နဲ့မလှမ်းမကမ်းမှာတည်ရှိပြီး ရွှေရောင် တဖိတ်ဖိတ်နဲ့ ဖြစ်ပါတယ်။


မိုးကောင်းနေ့ချင်းပြန်ခရီး

အတွေ့အကြုံသစ်တွေရရှိဖို့အတွက် မိုးကောင်းမြို့ကို မနက်ခင်းပိုင်းမှာ နိုင်ငံခြားသားဧည့်သည်တွေ အနီးနားမြို့မှာ လက်မှတ် ဝယ်ယူလို့ရပါတယ်။ မိုးကောင်းမြို့က ရတနာပစ္စည်းတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာပွဲတွေကို လေ့လာနိုင်ပါတယ်။ မြစ်ကြီးနားပြန်တဲ့ရထားက ညနေ ၅နာရီမှာ ရှိပါတယ်။ မြစ်ကြီးနားကို တက္ကစီနဲ့ပြန်ရင်တော့ မြန်မာငွေ သုံးသောင်းကျပ် ခန့်ပေးရနိုင်ပါတယ်။


ကချင်မနောပွဲ

မြစ်ကြီးနားမြို့မှာ ကျင်းပလေ့ရှိတဲ့ ကချင်မနောပွဲက ရက်သတ္တပတ်တစ်ပတ်ကြာမြင့်ပြီး ကချင်လူမျိုးတွေ အထွဋ်အမြတ် ထားတဲ့ ပွဲတော်ကြီးပဲဖြစ်တယ်။ အနီးနားမြို့ရွာတွေက ပွဲတော်ကိုလာရောက်ကြပြီး တိုင်းရင်းသားဝတ်စုံတွေနဲ့ ခမ်းခမ်းနားနားကျင်းပတဲ့ ကပွဲကြီးဖြစ်တယ်။


ပို့ဆောင်ဆက်သွယ်ရေး

မြစ်ကြီးနားမြို့က မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းအကျဆုံး မြစ်ဆိပ်နဲ့ ရထားလမ်းဆုံးမြို့ဖြစ်ပါတယ်။ ပူတာအိုနဲ့ မန္တလေးစတဲ့ အခြားမြို့တွေကို ဆက်သွယ်တဲ့ အဓိကလေဆိပ်က မြစ်ကြီးနားမြို့မှာ တည်ရှိပါတယ်။ မန္တလေး- မြစ်ကြီးနားရထားလမ်း ကို ပြုပြင်ထိန်းသိမ်းမှုမပြုလုပ်ဘဲ အသုံးပြုခဲ့တဲ့သက်တမ်း နှစ်ပေါင်း ၁၀၀ကျော်ရှိပြီဖြစ်လို့ လမ်းခရီးကြန့်ကြာနိုင်ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးက ရထားလမ်းအဓိကပါပဲ။ ဒေသခံတွေက မြစ်ကြီးနားမှာ သုံးဘီးသုံးကြပါတယ်။

 

 

title image: 
Myanmar

ကချင်ပြည်နယ်