နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ပါဝင်မည့် နိုင်ငံတော်အခြေခံမူများ သတ်မှတ် ရေးအတွက် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားညီလာခံ စုံညီအစည်းအဝေးက အခြေခံမူ ၁၀၄ ချက်ချမှတ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေးနှင့်သက်ဆိုင်သော အခြေခံမူကို အမျိုးသား ညီလာခံအစုအဖွဲ့(၈)ဖွဲ့ ကိုယ်စားလှယ်အားလုံးက အညီအညွတ်သဘောတူ ဆုံးဖြတ်ချမှတ် ခဲ့ကြသည်။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား ညီလာခံ စုံညီအစည်းအဝေး တွင် "နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး" ဖွဲ့စည်းရေး၊ အဖွဲ့ဝင်များ၏ အရည်အချင်း၊ ခုံရုံးသက်တမ်း၊ အဖွဲ့ဝင်များအပေါ် စွပ်စွဲပြစ်တင်ခြင်း၊ ခုံရုံး၏ လုပ်ငန်းတာဝန်များနှင့် ခုံရုံးအဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို သတ်မှတ်သည့် နည်းလမ်း နှင့်အညီသာ တင်သွင်းခွင့်ရှိစေရေး စသည့် ခုံရုံးနှင့်စပ်လျဉ်းသော အသေးစိတ် အခြေခံရမည့် မူများကို ချမှတ်ခဲ့ကြသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယို နှင့် စာစီစာ ကုံးပြိုင်ပွဲကို “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” (Together against Corruption) ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးဆောင်၍