ဤဥပဒေသည် နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည့် ၁-၁-၁၉၅၂ ရက်နေ့တွင် အာဏာတည်သည်။ မြန်မာနိုင်ငံပြန်တမ်း၊ ၁၉၅၁ ခု၊ အပိုင်း ၁ ၊ စာမျက်နှာ ၉၄၈ တွင်ကြည့်။
ဤဥပဒေကို ပြင်ဆင်ချက်ဥပဒေများဖြစ်သည့် ၆၇/၁၉၅၁၊ ၇၅/၁၉၅၄၊ ၃၂/၁၉၅၈၊ ၃၇/၁၉၆၃၊ ၆/၂၀၀၆ နှင့် ၃၀/၂၀၁၄ တို့ဖြင့် ပြင်ဆင်ခဲ့သည်။
ထို့ပြင် တော်လှန်ရေးအစိုးရ အလုပ်သမားဌာန၏ ၂၈-၁၂-၁၉၆၄ ရက်စွဲပါ အမိန့်စာအမှတ် ၁၃၈/၁၉၆၄ (Link ဖြင့်ပူးတွဲပါရှိ) အရ ပုဒ်မ ၃၊ ပုဒ်မခွဲ (၁) တွင် " ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းရှိ အစိုးရ ရုံးများအတွက် ရုံးပိတ်ရက်များ" ဆိုသည့်စကားရပ်ကို ထည့်သွင်းသည်။ (မြန်မာနိုင်ငံပြန်တမ်း၊ ၁၉၆၅၊ အပိုင်း ၁၊ စာ -၁၉၆၉)၊
ထို့ပြင် ၁၉၆၄ ခုနှစ်၊ ပြည်သူ့အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့် တာဝန်များ ပြဋ္ဌာန်းသည့် ဥပဒေ၏နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (ပြည်သူ့လွှတ်တော်နည်းဥပဒေအမှတ် ၂/၁၉၇၅) (၁၂-၁၁-၁၉၇၅) အရ ပုဒ်မ ၆ (၁) ၏ခြွင်းချက်တွင် စကားရပ်ပယ်ဖျက်ခဲ့သည်။