နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

Seminar on Constitutional Law and Adjudication Papers of the Consitutional Tribunal of the Union

Nay Pyi Taw, February 9

   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၉-၂-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိစိုးက “ပါရာဂွေးနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့အကြောင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇင်နှင့် ရုံးအုပ် ဒေါ်ဂျူနိုကိုလေး တို့က “The Binding Force of Constitutional Court of Indonesia Decisions: Key Issues and Future Challenges” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။