.jpg?itok=Z806cI6g)
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၃-၂-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်သန္တာစိုးက “တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း”သုတေသနစာတမ်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ခင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးနန္ဒအောင် တို့က “ကိုရီးယားသမ္မတ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အား လေ့လာတင်ပြခြင်း” သုတေသန စာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
![]() |
![]() |
![]() |