Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကျင်းပ

  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွဲကြသည်။ ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပွဲကို လိုက်လံကြည့်ရှုအားပေးကြသည်။