ကရင်ပြည်နယ်သည် မြန်မာနိုင်ငံတောင်ဖျားပိုင်းရှိ ပင်လယ်ပြင်နှင့်ကမ်းခြေများအကြား တောင်ထူထပ်သောမြေမျက်နှာပြင် အနေအထားတွင်တည်ရှိသည်။ ကရင်ပြည်နယ်ကို စိမ်းလန်း သော စပါးခင်းများနှင့် ဝိုင်းရံထားပြီး ထုံးကျောက်တောင်ထိပ်များသည် စပါးခင်းများအပေါ် ပျံသန်းနေသကဲ့သို့ရှိသည်။ အံ့သြဖွယ် လိုဏ်ဂူများပေါများလှသော ကရင်ပြည်နယ်၏ မြို့တော်သည် ဘားအံမြို့ဖြစ်ပြီး ဘေးပတ်လည်တွင် လှပသော ထုံးကျောက် တောင်ထိပ်များဖြင့် ဝန်းရံထားသည်။ ကရင်ပြည်နယ်၏ ရှုခင်းများသည် လှပသော တောင်တန်းများဆီသို့ ဦးတည်သော စိမ်းလန်းသည့် လယ်ကွင်းများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရှိရမည်။ ကရင်ပြည်နယ်သည် လက်ဖက်နှင့် ကော်ဖီ ထုတ်လုပ်မှုတွင် နာမည်ကျော်ကြားသည်။ ၎င်းဒေသတွင် ခရီးသွားများ သွားရောက်လည်ပတ် လေ့လာနိုင်သော နေရာများမှာ ဇွဲကပင်တောင်၊ လုမ္ဗိနီဥယျာဉ်၊ သံတောင် ၊ ဆဒ္ဒန်ဂူ စသည်တို့ ဖြစ်ကြပါသည်။ နိုင်ငံခြားခရီးသွားဧည့်သည်များသည် သက်ဝင်လှုပ်ရှား ပွဲတော်များမှ ရိုးရာ ယဉ်ကျေးမှုပွဲတော်များအထိ ပါဝင်ဆင်နွှဲနိုင်ပါသည်။
အခြေခံအချက်များ
ကရင်လူမျိုးများ၏ မူလအစသည် ကယန်း၊ ပဒေါင်၊ ဗမာ၊ ရှမ်း၊ ပအို့၊ မွန်၊ ရခိုင်နှင့် ထိုင်း-ဗမာအဆက်များဖြစ်သည်။ ကရင်လူမျိုးအများစုသည် ဗမာ၊ ကရင်နှင့် မွန်ဘာသာ စကားများကို ပြောဆိုကြပြီး ဗုဒ္ဓဘာသာ၊ ခရစ္စယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ တိရစ္ဆာန်နှင့် နတ်များကိုးကွယ်ကြသည်။
မြေမျက်နှာသွင်ပြင်
ကရင်ပြည်နယ်၏စုစုပေါင်းမြေသည် ဧရိယာစတုရန်းမိုင်(၄၇၄၇.၇)၊ စတုရန်းကီလိုမီတာ (၁၂၂၉၆.၆)ကျယ်ဝန်းပြီး ထိုင်းနိုင်ငံ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့နှင့် ထိစပ်နေပါသည်။ ကရင်ပြည်နယ်တွင် ပူနွေးစိုစွတ်သော ရာသီဥတုရှိပါ သည်။
ထူးခြားမှုများ
ကရင်ပြည်နယ်၏မြို့တော်မှာ ဘားအံမြို့ဖြစ်ပါသည်။ ထူးခြားဆန်းပြားသည့်ဂူများ၊ မြက်ခင်းစိမ်းများ၊ ထုံးကျောက်တောင်များဖြင့် ပြည့်နှက်နေသည့် ပြည်နယ်ဖြစ်ပါသည်။ ၂၀၁၄ခုနှစ်တွင် လူဦးရေ ၁.၅၇ သန်းခန့်နေထိုင်လျက်ရှိပါသည်။
|
|
![]() |
![]() |
![]() |
![]() |
ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ရင်ဖိုလှိုက်မောဖွယ်ကောင်းသော လိုဏ်ဂူကြီးများ စုစည်းတည်ရှိရာ နေရာဖြစ်သည်။ အထင်ရှားဆုံးလိုဏ်ဂူနှစ်ခုမှာ ဘုရင့်ညီဂူနှင့် ကော့ကွန်းဂူတို့ ဖြစ်ကြပါသည်။ ဘားအံမြို့မှ (၁၉) ကီလိုမီတာအကွာတွင်တည်ရှိသော ဘုရင့်ညီဂူသည် နှစ်ပေါင်း (၉၀၀)သက်တမ်းရှိပြီး ဘုရားဆင်းတုပေါင်း (၂၈)ဆူရှိပါသည်။ ကော့ကွန်းဂူသည် သံလွင်မြစ်၏ အနောက်ဖက်၊ ဘားအံမြို့၏တောင်ဘက် (၁၃)ကီလိုမီတာ အကွာတွင်တည်ရှိပါသည်။ ၎င်းသည် သဘာဝထုံးကျောက်လိုဏ်ဂူဖြစ်ပြီး (၇)ရာစုကာလမှ ဗုဒ္ဓဆင်းတုတော်များနှင့် ကျောက်စာတိုင်များ ကို တွေ့ရှိရပါသည်။ ရသေ့ပျံဂူသည် ဘားကွပ်ကျေးရွာအနီးတွင် တည်ရှိသော ထုံးကျောက်လိုဏ်ဂူ တစ်ခုဖြစ်ပြီး အေဒီ(၁၃)ရာစုမှ ဗုဒ္ဓဆင်းတုတော်များကို အရွယ်အစားအမျိုးမျိုးဖြင့် တွေ့နိုင်ပါသည်။ ဘားအံမြို့မှ (၁)ကီလိုမီတာအဝေးတွင် တည်ရှိသော ကော့ကသောင်ဂူတွင်လည်း ဗုဒ္ဓဆင်းတုတော် (၂၈)ဆူတည်ရှိပါသည်။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲကို မြန်မာ့နှစ်သစ်ကူးအတာ သြင်္ကန်ပွဲတော်၏ ဒုတိယနေ့နှင့် တတိယနေ့များတွင် ကျင်းပပြုလုပ်လေ့ရှိပါသည်။
ကမ္ဘာ့လှည့်ခရီးသွားများအားစွဲဆောင်မှုရှိသည့်နေရာများ
တောင်တန်းများ၊ လယ်ကွင်းများ၊ မြစ်ချောင်းများနှင့် သစ်တောများ စုစည်းတည်ရှိသော ကရင်ပြည်နယ်သည် ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများဖြင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင် လျက် ရှိပါသည်။ ခရီးသွားများအနေဖြင့် သဘာဝအလှအပများကို အပြည့်အဝကြည့်ရှုခံစားနိုင် ကြပါသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၇၂၂)မီတာရှိသော ဇွဲကပင်တောင်သည် ခြေလျင် တောင်တက်ခရီးပြုလုပ်ရန် ကောင်းမွန်သောနေရာဖြစ်သည်။ ဇွဲကပင်တောင်၏ အနောက်ဖက်တွင် ရှိသော လုမ္ဗိနီဥယျာဉ်သည် တောင်တက်ခရီးစဉ်အစပြုရန်ကောင်းမွန်သော နေရာတစ်ခုဖြစ်ပြီး ဘုရားဆင်းတုတော်(၁၁၀၀)ရှိပါသည်။ တောင်ထိပ်ပေါ်မှ မြင်ရသော ရှုခင်းသည်အလွန်လှပပါသည်။ သဘာဝအလှအပများခံစားရန်ကောင်းမွန်သော နေရာတစ်ခုမှာ လှိုင်းဘွဲ့မြို့အနီးရှိ ကျုံးထော် ရေတံခွန်ဖြစ်ပြီး ရှေးကျသော သစ်တောများဖြင့် ဝန်းရံထားပါသည်။ လွန်ခဲ့သောနှစ်များက အဆိုပါ နေရာသို့ နိုင်ငံခြားခရီးသွား ဧည့်သည်ထောင်ပေါင်းများစွာ လာရောက်လျက်ရှိပါသည်။ ၎င်း ရေတံခွန်၏ ထူးခြားချက်မှာ စိမ်းလဲ့သော ရေမျက်နှာပြင်ဖြင့် နိုင်ငံခြားခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိပါသည်။
အနီးပတ်ဝန်းကျင်မြို့များသို့
ကရင်ပြည်နယ်သည် နိုင်ငံခြားခရီးသွားဧည့်သည်များ မြို့၏လူနေမှုပုံစံနှင့် မြန်မာ့လူမျိုး များ၏ ရိုးရာဓလေ့များကို လေ့လာနိုင်သော မြို့ကြီး၊ မြို့လေးများဖြင့် ဖွဲ့စည်းထားပါသည်။ ဘားအံ မြို့သည် တောင်တန်းများပေါ်မှ ရင်သပ်ရှုမောဖွယ်ရှုမျှော်ခင်းများ ကြည့်ရှုခံစားနိုင်သော မြို့တစ်မြို့ ဖြစ်ပါသည်။ ဒေသခံများသည် နိုင်ငံခြားခရီးသွား ဧည့်သည်များကို နွေးထွေးဖော်ရွေသောလက်များ ဖြင့် ကြိုဆိုလျက်ရှိပါသည်။ ခရီးသွားများအနေဖြင့် ဒေသဈေးများတွင် သန့်ရှင်းလတ်ဆတ်သော ဒေသထွက်အစားအစာများနှင့် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ကြပါသည်။ မြဝတီသည် ထိုင်း နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံ၏ အခြားသောမြို့ကြီးများဖြင့်လည်း ကားလမ်းသစ်များဖောက်လုပ် ဆက်သွယ်ထားပါသည်။ လှပသော ဒေါနတောင်တန်းကြီးများကို ဖြတ်သန်း၍ သွားရသော ကားလမ်းခရီးစဉ်သည် လှပသောရှုမျှော်ခင်းများကို ဖြတ်သန်းရသော ခရီးစဉ်ဖြစ်ပါသည်။ လုပ်ဆောင်လျက်ရှိပါသည်။ ပူနွေးစိုစွတ်သော ရာသီဥတုမှ လွတ်မြောက်ရန် ကြိုးစားနေသော ခရီးသွားများအနေဖြင့် ကိုလိုနီခေတ်ကတည်းက တည်ထားသည့် တောင်ပေါ် စခန်းဖြစ်သော သံတောင်မြို့သို့ သွားရောက် လည်ပတ်နိုင်ပါသည်။ သံတောင်မြို့သည် ကော်ဖီ၊ လက်ဖက်နှင့် သစ်သီးထွက်သော နာမည် ကြီးသည့် မြို့တစ်မြို့ဖြစ်သည်။
ပွဲတော်များ
|
|
|
ကရင်နှစ်သစ်ကူးပွဲတော် ကရင်နှစ်သစ်ကူးပွဲတော်ကို ပြာသိုလဆန်း (၁) ရက်နေ့တွင် နှစ်စဉ် ကျင်းပပါသည်။ နှစ်သစ် ကူးနေ့ကို ကျွဲချိုများတီးမှုတ်၍ ဖားစည်များတီးခတ်ကာ ကရင်ဒုံးယိမ်းအကကို စုပေါင်း၍ ပျော်ရွှင်စွာကခုန်ခြင်းဖြင့် ကျင်းပကြပါသည်။ |
ဝါဆိုလပြည့်နေ့ပွဲတော် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်၍ ထိုနေ့တွင် ဗုဒ္ဓဘာသာဝင်တို့ ဥပုသ်သီလစောင့်တည်ခြင်း အလှူအတန်းများပြုလုပ်ခြင်းဖြင့် ကုသိုလ်ယူကြပါသည်။ ရဟန်းများအနေဖြင့်လည်း ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းသုံးလပတ်လုံး မိမိတို့ သီတင်းသုံးရာကျောင်းမှ မည်သည့်နေရာကိုမျှ ညအိပ်ညနေမသွားဘဲ ဝါဆိုကြပါသည်။ အဆိုပါ သံဃာတော်များအတွက် သင်္ကန်းကပ်လှူခြင်းကို အကြောင်းပြု၍ ဝါဆိုလပြည့်နေ့တွင် သင်္ကန်း ကပ်လှူပွဲကျင်းပပြုလုပ်ကြပါ သည်။ |
သီတင်းကျွတ်မီးထွန်းပွဲတော် သီတင်းကျွတ်လပြည့်နေ့တွင် မီးထွန်းပွဲတော်ကို တစ်နိုင်ငံလုံး (၃)ရက်တိုင် ကျင်းပပြုလုပ် ကြပါသည်။ မြတ်စွာဘုရား၏ မယ်တော်မိနတ်သားအား တရားဟောပြီး လူ့ပြည်သို့ ပြန်လည် ဆင်းသက်လာခြင်းကို မီးထွန်းကြိုဆိုသည့်အနေဖြင့် ကျင်းပပြုလုပ်ကြခြင်း ဖြစ်ပါသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်ကာလတွင် အိမ်တိုင်း၌ ဖယောင်းတိုင်မီးများ ၊ ရောင်စုံမီးပုံးများ ချိတ်ဆွဲ၍ အလှဆင်ပူဇော်ကြသည်။ မီးထွန်းပွဲတော်သည် ဝါတွင်းကာလအပြီးတွင် ကျင်းပလေ့ရှိသည်။ |
.png)