
Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် AACC SRD ၏ တတိယအကြိမ်မြောက် သုတေသနညီလာခံတက်ရောက်ခြင်း
နေပြည်တော် ဇွန် ၁၅ / ၁၆
ကိုရီးယားနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရာရုံးတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မှ ၁၆ ရက်နေ့ အထိ AACC SRD ၏ တတိယအကြိမ်မြောက် သုတေသနအရာရှိများ ညီလာခံကို “အသက်ရှင်သန်ခွင့် (Right to Life)” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ Video Conferencing စနစ် ဖြင့် ပါဝင် တက်ရောက် ခဲ့သည်။
ညီလာခံသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ နိုင်ငံတကာဆက်ဆံရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ဇာသွယ်နှင့် ဥပဒေဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်စံ တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၀)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က “Myanmar’s Perspective on the Right to Life and Personal Self Determination” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခဲ့ပါသည်။