Main menu

ရုံးလုပ်ငန်းနှင့်ကွန်ပျူတာကိုင်တွယ်အသုံးပြုခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကျင်းပ

ဇွန် ၁၃ နေပြည်တော်

ရုံးလုပ်ငန်းနှင့်ကွန်ပျူတာကိုင်တွယ်အသုံးပြုခြင်းသင်တန်း

အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကျင်းပ

ဇွန်  ၁၃  နေပြည်တော်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ခန့်အပ်တာဝန်ပေးထားသည့် အငယ်တန်းစာရေးများ၏ အရည်အချင်းပြည့်ဝစေရန်၊ လုပ်ငန်းကျွမ်းကျင်စေရန်၊ ကိုယ်ကျင့် တရားမြင့်မားလာစေရန်၊ ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်လျက် ရုံးလုပ်ငန်းနှင့် ကွန်ပျူတာ ကိုင်တွယ်အသုံးပြုခြင်းသင်တန်း အမှတ်စဉ် ၁/၂၀၂၂ ဖွင့်ပွဲ အခမ်းအနား ကို ၁၃-၆-၂၀၂၂ရက်နေ့ နေ့လည် (၁း၀၀)နာရီ အချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ၊ ရုံးခန်းအမှတ်(၂) တွင် ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်အလိုက် သင်တန်းပို့ချမည့်သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြသည်။

သင်တန်းကို ဇွန် ၁၃ ရက်မှ ဇူလိုင် ၈ ရက် အထိ ရက်သတ္တပတ်  လေးပတ်ကြာ ဖြင့် သင်တန်းသား၊ သင်တန်းသူ (၈)ဦးတို့ အား လုပ်ငန်းခွင်မပျက်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။