
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနား
နေပြည်တော် ဇွန် ၉
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ၉-၆-၂၀၂၂ ရက် နေ့၊ နံနက် (၁၀း၀၀) နာရီတွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်သန္တာစိုး က ဘူလ်ဂေးရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးအကြောင်း လေ့လာခြင်းစာတမ်းကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းဖြူဝင်းက Jurisdictions and Organization of the Constitutional Tribunal အကြောင်း လေ့လာတင်ပြခြင်းစာတမ်း နှင့် Income Tax အကြောင်းကိုလည်းကောင်း ဖတ်ကြားရှင်းလင်းခဲ့ကြပြီး မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။
အဆိုပါစာတမ်းဖတ်ပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့် ခုံရုံး အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် အရာထမ်းများ တက်ရောက်ကြသည်။