Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်များအား အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း (Legal English) သင်တန်းဖွင့်လှစ်ခြင်း

27.5.2022

       နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အရာထမ်းများ၏ အင်္ဂလိပ်ဘာသာ အရည် အသွေး တိုးတက်စေရန်နှင့် ရုံးလုပ်ငန်းတာဝန်များကို အထောက်အပံ့ဖြစ်စေရန်အတွက်  ခုံရုံး၏ ဆုံးဖြတ်ချက်များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုနိုင်ရေး ဘာသာပြန်ဆိုရေးသားခြင်း သင်တန်း(Legal English)  ကို  ပြင်ပဉပဒေပညာရှင် ဦးအလုံးမောင်အား ဖိတ်ကြား၍  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ သင်ကြားပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းကို (၁၆-၅-၂၀၂၂) ရက်နေ့မှ (၂၅-၅-၂၀၂၂) ရက်နေ့ထိဖွင့်လှစ်ခဲ့ပြီး သုတေသနအရာရှိ (၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။