Main menu

International IDEA ၏ မြန်မာရုံးတာဝန်ခံ အကြီးအကဲအသစ်ဖြစ်သူ Mr. Marcus Brand အား လက်ခံတွေ့ဆုံ

11-11-2020

နေပြည်တော် နိုဝင်ဘာ ၁၁

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် International Institute for Democracy and Electoral Assistance ၏ မြန်မာရုံးတာဝန်ခံ အကြီးအကဲ အသစ်ဖြစ်သူ Mr. Marcus Brand ကို ယနေ့ နံနက် ၁၁:၀၀ နာရီ၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် International IDEA မှ My Constitution အစီအစဉ်၏ စီမံကိန်းများ၊ ခုံရုံးနှင့် International IDEA တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်ကိစ္စ၊ ခုံရုံးနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ် များ၊ ခုံရုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-Court စနစ် အဆင့်မြှင့်တင်ရေး အတွက် ပံ့ပိုးကူညီရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်အတူ ခုံရုံးအဖွဲ့ဝင်များ ဖြစ်ကြသော ဦးတင်မောင်မြင့်၊ ဦးကျော်ဆန်း၊ အမြဲတမ်းအတွင်းဝန် ဦးလှဌေး တို့ တက်ရောက်ခဲ့ကြသည်။