Main menu

သတင်းများ

               နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်နှင့်အဖွဲ့သည် ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ ဆိုလ်းမြို့တွင် ဇွန် ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူတရားရုံးများအဖွဲ့ (AACC) ၏ ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ည ၁၀ နာရီက လေကြောင်းခရီးဖြင့် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့မှ ပြန်လည်ရောက်ရှိလာသည်။
နေပြည်တော်  ၂၀၁၉ ဇွန် ၁၈ နိုင်ငံတော်ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းသား၊သမီးများ၏  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ အချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် (၅၄)၌ ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
Democracy Reporting International (DRI)မှ သင်တန်းဆရာ (၃)ဦးနှင့် သင်တန်း သား သင်တန်းသူ (၃၁)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် နေပြည်တော်၊ ရုံးအမှတ်(၅၄)ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ယနေ့ မွန်းလွဲ ၂:၀၀ နာရီတွင် လာရောက် လေ့လာကြသည်။
    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးခင်မောင်ချို ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ နှင့် တရားရေးဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့မ

Pages