Main menu

သတင်းများ

နေပြည်တော် အောက်တိုဘာ ၂၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အားလုံးပါဝင်သော ခုံရုံးသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တင်သွင်းသော တင်သွင်းလွှာအမှတ် ၁/၂၀၂၀ ကို e-Court စနစ်ဖြင့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
နေပြည်တော်  အောက်တိုဘာ ၆ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ၂၀၂၀ ပြည့်နှစ် တင်သွင်းလွှာအမှတ် ၁၊ ဦးအယ်လ်ဖောင်းရှိုနှင့် ဥက္ကဋ္ဌ၊ ကယားပြည်နယ်လွှတ်တော် အမှုကို ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အားလုံးစုံညီစွာတက်ရောက်သည့် ခုံရုံးက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် လျှောက်လဲချက်များကို e-Court စနစ်ဖြင့် ကြားနာခဲ့သည်။
နေပြည်တော် စက်တင်ဘာ ၂၃ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ “Freedom of Experssion Experience of AACC Member” (AACC အဖွဲ့ဝင်နိုင်ငံများ ၏ အတွေ့အကြုံများ) ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သော (၂)ကြိမ်မြောက် သုတေသန ညီလာခံသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ Video Conferencing စနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် International IDEA တို့ ပူးပေါင်း၍ “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို နှိုင်းယှဉ်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များကို တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း (အပိုင်း-၂)” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

Pages