You are here
သတင်းများ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (၁၀)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်
မတ် ၃၀
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တည်ထောင်ခြင်း (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ၃၀-၃-၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော် နိုဝင်ဘာ ၁၁
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့် ဒေါ်နန်းစန္ဒာစမ်း တို့သည် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများ အသင်း(AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

နေပြည်တော်
နိုဝင်ဘာ ၉
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းမိသားစုများ၏ ဧကဒသမ အကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် ၅၄၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ တက်ရောက်၍ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

မေ ၂ နေပြည်တော်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ခန့်အပ်တာဝန်ပေးထားသည့် ဝန်ထမ်းများ ကွန်ပျူတာ အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အရည်းအချင်းပြည့်ဝစေရန်၊ လုပ်ငန်းကျွမ်းကျင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားလာစေရန် ရည်ရွယ်လျက် ရုံးလုပ်ငန်းသုံးကွန်ပျူတာ မွမ်းမံသင်တန်းအမှတ်စဉ် ၁/၂၀၂၂ ကို ဖွင့်လှစ်ခဲ့ပါသည်။

နေပြည်တော် စက်တင်ဘာ ၈
တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် စက်တင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ “Current Problems in Execution of Judgments: Constitutional Justice” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သော (၉)ကြိမ်မြောက် နွေရာသီဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ Video Conferencing စနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့သည်။