နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ၏ လမ်းညွှန်ချက်အရ ခုံရုံးရှိ အရာထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် နည်းပညာရပ်များကို အသုံးပြု၍ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ရုံးလုပ်ငန်းဆိုင်ရာအခြေခံ ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၁၃)ကို (၁၆.၁၂.၂၀၁၃)ရက်နေ့မှ (၂၄.၁.၂၀၁၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သည်။ အဆိုပါ သင်တန်းသို့ ခုံရုံးရှိ ဦးစီးအရာရှိ (၈)ဦး တက်ရောက်သင်ကြားခဲ့သည်။
ခုံရုံးအဖွဲ့ဝင် ဦးမြသိန်းက ပထမဆုရရှိသော သင်တန်းသူ ဒေါ်မေဆုလှိုင်အား ဆုချီးမြှင့်စဉ်
ခုံရုံးအဖွဲ့ဝင် ဦးမြသိန်းက ဒုတိယဆုရရှိသော သင်တန်းသူ ဒေါ်ခင်သန္တာစိုးအား ဆုချီးမြှင့်စဉ်
ခုံရုံးအဖွဲ့ဝင် ဦးမြသိန်းက တတိယဆုရရှိသော သင်တန်းသူ ဒေါ်ဝင့်မြတ်သီအား ဆုချီးမြှင့်စဉ်
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်လွင်ဦးက သင်တန်းဆင်းလက်မှတ်များအား ပေးအပ်စဉ်