ကြေညာချက်များ
၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာ(၃)နေရာအတွက် ဥပဒေဘွဲ့(LL.B) ရရှိသူများ လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဂ) ၁၅-၇-၂၀၂၂ ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၆၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၃၈၁ တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောထားရယူပေးနိုင်ပါရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ၂၀၂၁ ခုနှစ်၊ တင်သွင်းလွှာအမှတ် ၁ ကို တင်သွင်းခဲ့ပါသည်၊ အဆိုပါတင်သွင်းလွှာအမှတ် ၁/၂၀၂၁ နှင့် စပ်လျဉ်း၍ (၃၁-၅-၂၀၂၂) ရက်နေ့ အင်္ဂါနေ့ နံနက် (၁ဝး၀၀) နာရီအချိန်တွင် လျှောက်လဲချက် ကြားနာမည့်အချိန်နှင့်နေရာကို ပုံစံ (၇) ဖြင့် ကြေညာအပ်ပါသည်။
၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေမှ အောက်ဖော်ပြပါ ရုံးသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
(က) Desktop Computer All in one (i5) ၉ လုံး
(ခ) Multifunction Copier ၂ လုံး